Part (14)

51 10 0
                                    

မေတ္တနီတိ


🌸pann


Part (14)


မေပျိုတို့နှစ်ယောက် စကားအခြေတင်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ပဲ သွားနေသည်..။

စကားအခြေတင်ဖြစ်ကြရတဲ့နေ့များဆို မေပျိုမှာ စိတ်မချမ်းသာနိုင်..အခန်းထဲကအိပ်ယာမှာသာ ပူဆွေးနေရတာ ။

တစ်ခါတလေ သူ့အကြောင်းတွေးတွေးပြီး မျက်ရည်ကျရတဲ့အခါတွေလည်းရှိသည်..။

သက်ပြင်းချနေရတဲ့အခါမျိုးတွေလည်း ရှိသည်..။

ဒါပေမယ့် ခုလိုခံစားနေရလည်း မေပျိုသူ့လက်ကိုမလွှတ်လိုက်နိုင်..ပို ပိုချစ်မိနေတယ်လို့တောင် တစ်နေ့ထက်တစ်နေ့ ခံစားနေမိသည်..။

ဒါပေမယ့်လည်း သူနဲ့တည့်နေရတဲ့အခါများဆို မေပျိုကသွက်လက်ပြီး အပြုံးရွှင်ရွှင်နဲ့ လူတွေအားလုံးထက် အပျော်ရွှင်ရဆုံးသူဖြစ်နေတယ်လို့တောင် ခံစားမိပြန်သည်..။

တစ်စုံတစ်ယောက်ကို ချစ်ရတာလည်း ဆန်းသားနော်..။

လူတစ်ယောက်ကို ပုံစံအမျိုးမျိုးဖြစ်အောင်လုပ်နိုင်သား..။

နှစ်ယောက်သားတိုးတိုးကြိတ်ကြိတ်လေးတွဲလာတာလည်း ရက်မှလတွေကူးပြောင်းခဲ့ပြီ.။

မပိတ်သေးတဲ့ကျောင်းတော်ကြီးအကြောင်းကို ပိတ်တော့မှာပဲလို့တွေးပြီး ပူဆွေးရပြန်သည်..လွမ်းရပြန်သည် ။

အနားမှာသူ့ကိုတွေ့နေလည်း လွမ်းနေရလို့ တစ်နေ့ကဆို သူ့ကိုတင်းတင်းလေးဖက်ပြီးလမ်းဘေးမှာ ငိုမိခဲ့သည်..။

" မေ..ဘာဖြစ်တာလဲ ဟင်..ဘာဖြစ်လို့လဲ.. ဘာလို့ငိုနေတာလဲ "

လူကိုဖက်ပြီးငိုနေတော့ ကျွန်တော့်မှာစိတ်ပူရသည်..။

ဘာများဖြစ်နေလို့လဲ..။

ကျောင်းမှာတစ်ခုခုများ ဖြစ်လာခဲ့သလား..။

ဖြစ်တာလည်းမတွေ့ပါဘူး..။

တစ်ယောက်ယောက်နဲ့ပြဿနာဖြစ်ရအောင်လည်း မေက တခြားသူတွေနဲ့ရင်းရင်းနှီးနှီးမနေတတ်..သူ့ဘာသာသူ နေတာများသည် ။

ကျွန်တော်က သူ့မှာသူငယ်ချင်းတွေရအောင်လို့ သူငယ်ချင်းတွေနဲ့စကားပြောရအောင် ကူညီပေးလည်း သူကလက်မခံ..အမြဲ ရှောင်ရှောင်ထွက်သွားတတ်တာချည်း ။

မေတ္တ နီတိWhere stories live. Discover now