Ep -1

814 58 0
                                    

Zawgyi

ရုံးတော်အတွင်း ခိုးမှုကျူးလွန်ထားသည့် ဇီးရွက်လောက်သာသာ မျက်နှာပိုင်ရှင် သူခိုးကြမ်းပိုးလေးဟာ မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် အားကိုးရာမဲ့နေရှာတယ်။

မျက်နှာချင်းဆိုင်က တရားလိုရဲ့ မျက်နှာမှာတော့ မာကြောမှုတွေအထင်းသားနဲ့။ တရားလိုရှေ့နေဟာလည်း ယူနီဖောင်းကြီးတလွင့်လွင့်နှင့် စင်ပေါ်ကတရားသူကြီးထံ ဘယ်လိုပြစ်ဒဏ် စီရင်သင့်သလဲ ဆိုတာမျိုး ​အားကြိုးမာန်တက် တင်ပြလျက်ရှိတယ်။

သြော် တရားခံရှေ့နေလား။မမေးပါနဲ့တော့။

အစိုးရက ချမှတ်ပေးထားတဲ့ ရှေ့နေသာဆိုတယ် အကြော သေသလိုဖြစ်နေတဲ့မရယ်မပြုံးမျက်နှာ။  လိမ်ကောက်နေတဲ့ ဆံပင်ညိုဘုတ်သိုက်နဲ့။

အရက်နံ့တထောင်းထောင်းထနေတဲ့ ယူနီဖောင်းဆိုတာ  ချွေးနံ့တွေစွဲပြီး အံဖတ်တချို့ကိုပါ အကွက်လိုက်မြင်နေရသေးတယ်။
ဝေါ့....။

ကျွန်တော်က သူခိုးဆိုပေမယ့် အသန့်ကြိုက်တဲ့သူခိုးဗျ ။ ဝါသနာအရ အတွင်းခံခိုးရင်တောင် လျှော်ပြီးသားလေးတွေမှ ရွေးခိုးတာ ။ခုတော့ဗျာ ရှေ့နေသာဆိုတယ် ကျွန်တော့်လိုသူခိုးကြမ်းပိုးတောင် သူ့ထက်သန့်ပြန့်နေသေးတယ်။ဘယ့်နှယ်။

အချုပ်ခန်းထဲ စတွေ့တုန်းကဆို ပိုဆိုး။

"ငါ့နာမည် ဝမ်ရိပေါ်  ၊ မင်းအတွက် အစိုးရက ချမှတ်ပေးထားတဲ့  တရားခံရှေ့နေ  "

"......."

" ရော့ ...ဒီဖောင်ထဲမှာ မင်းနာမည်အပြည့်အစုံ နေရပ်လိပ်စာနဲ့  ခိုးရာပါပစ္စည်းအရေအတွက်ကို အမျိုးအမည်တွေချရေးထား။ "

ဆိုပြီး သူ့ရဲ့ ညစ်ထေးနေတဲ့ သားရေ လက်ဆွဲအိတ်ကြီးထဲက ဖောင်တစ်ချို့ကိုထိုးပေးပြီး 

"​   ..... နောက်၂နာရီပြည့်ရင် ငါ့ကိုနှိုးလိုက် ! "

ဆိုကာ စားပွဲပေါ်မှာ သူ့အိတ်ကြီး ခေါင်းခုပြီး မှောက်အိပ်သွားတာ ဗျား ။အဲ့လို အဲ့လို ။

ခိုးစားလာတဲ့ သူ့သက်တမ်းတစ်လျောက် ဒီလို အစိုးရရှေ့နေမျိုးမကြုံဖူးဘူးလို့ သူခိုးဟာ သုံးသပ်မိတယ်။
ဝမ်ရိပေါ်ရဲ့ ပုံစံဟာ အရမ်းကိုမှ စုတ်ပြတ်သတ်နေတာပဲ။

Remember MeWhere stories live. Discover now