Ep-4

416 50 1
                                    


Zawgyi


"ကျွီ ! "

ခနဲ ဘရိတ်အုပ်ချသံအဆုံးမှာ ကားပေါ်ကို ရောက်လာတဲ့ အုတ်ခဲလို အရာမျိုးကြောင့် ​အက်သွားတဲ့ မှန်။

"ဟေး ထွက်ခဲ့ပါအုံး စောက်သုံးမကျတဲ့ရှေ့နေကြီး.....
အိုက်ယိုး ယိုး ကြောက်ပြီး ကားထဲသေးပေါက်ချနေပြီလား !  "

မာဘိုရိုကို ကိုက်ခဲထားရင်း ကားမှန်ဘေးက ဟောင်ဖွာ ဟောင်ဖွာ ခွေးအုပ်စုကို ရိပေါ်စိုက်ကြည့်လိုက်တယ်။သံချောင်းရှည်တွေ တင်းနစ်ဘောလုံး ရိုက်တံတွေနဲ့ မူဗွီ အချို့ထဲကလိုဆို ဒါဟာ ဂန်းစတားအုပ်စုပေါ့။

ပတ်တီးဖြူ ပတ်ထားတဲ့ ပြောင်လုံးလုံး ဖြူစွတ်စွတ်ဂတုံးနဲ့ကောင်က အစွယ်တွေထုတ်ပြသလိုဟန် ကားရှေ့ကို တံတွေးနဲ့ ထွေးတယ်။
မကျေပွဲနွှဲချင်သည့်သဘောမျိုး။
ဟုတ်သား  ဒါဟိုနေ့ညက ဝမ်ရိပေါ်တို့ လက်စွမ်းပြခဲ့တဲ့ ဂတုံးလေးပဲ။ခုတော့ လယ်ဗယ်မြင်သွားတယ်။ ပတ်တီးကတုံး။

ကားထဲမှာပဲ စီးကရက်တစ်လိပ်လုံးကို ခပ်မြန်မြန်ဖွာရှိုက်ပြီး သူသက်ပျင်းချလိုက်တယ်။နွေမနက်ခင်းက ထုံးစမ်အတိုင်း  အကျည်းတန်နေတုန်းပဲ။
ခုတော့ ဒီခွေးမသားတွေကြောင့် ပိုဆိုးသွားပြီ။

အချိန်ကိုက် မင်ရန် ဆီက ဖုန်းဝင်လာသည်။

"ဝေ ရိပေါ် ! ဒီမှာကြားနာမှု စနေပြီ ရှေ့နေဖြစ်တဲ့ မင်းက ဘယ်ရောက်နေတာလဲ ! "

ဒေါသစွတ်နေတဲ့ မင်ရန့်အသံက ခါတိုင်းလိုခပ်တင်းတင်း။
ဟုတ်သားပဲ ဒီနေ့ အမှုသည်တစ်ယောက်ရဲ့ ကြားနာမှု တတိယအပတ်မြောက်တဲ့နေ့။နောက်ကျလိမ့်မယ် ထင်တယ်။

" က စား ပွဲ ထဲ  မှာ .! "

"ဟာ ဟေ့ကောင် ဟေ့ ... ! "

ဖုန်း စက်ကိုပိတ်ချပြီး လည်ပင်းက နက်ခ်တိုင်ကို ဆွဲချွတ်ပစ်လိုက်တယ်။ ကားတစ်စီးလုံးက တော့ အပြင်ပိုင်းတွေ ရှုံ့တွနေလောက်ပြီ။ဘတ်မှန်တောင် မရှိတော့ဘူး။

တံခါးကိုတွန်းဖွင့်ပြီး ခပ်မိုက်မိုက်ဆင်းလိုက်တော့ ရိပေါ် မေးရိုးကိုလာထောက်တဲ့ သံချောင်း။
စိတ်ကျေနပ်သွားအောင် လက်ပါမြှောက်ပေးထားပါတယ်။

Remember MeWhere stories live. Discover now