Ep-5

769 74 11
                                    

Zawgyi

"ဝမ် ရိ ပေါ် ! "

သွေးကြောမျှင်လေးတွေ စိမ်းနေတဲ့လက်ကောက်ဝတ်ပါးပါးလေးပေါ်  ခွဲခန်းဓါးကိုအလျားလိုက်တင်ထားသည့် ရိပေါ်က သူငယ်ချင်း၂ယောက်ရဲ့ စိုးရိမ်စိတ် လယ်ဗယ်ကို ဂရုမစိုက်ပဲ သူ့အကြံစည်နဲ့သူ အေးစက်စက်။

"ဝမ် ရိ ပေါ်  ! မင်းမတော်နိုင်သေးဘူးလား ! "

ဆေးရုံ ဗီအိုင်ပီခန်းထဲပြောင်းပေးပြီးထဲက ဘာတွေအရူးထနေမှန်းမသိတဲ့ သကောင့်သား ကို မင်ရန်က အသံမြင့်နဲ့အော်လိုက်သည်။ကျိရန်ပြောသလို ကြာရင်ဒီကောင့်ကို စိတ်တဇဆေးရုံ ပို့ရတော့မည်။

"ယိုး ယိုး ! ဒီသွေးကြောပေါ်က ဓါးသေးသေးလေးက ထင်ထားတာထက် ပိုထက်တာပဲ! ကြည့်စမ်း အားမသုံးပဲထိရုံထိတာတောင် သွေးစို့လာတယ်!  ဟမ့်..! "

ကျိရန်က ငိုချင်စိတ်ပေါက်လာသလို။
မင်ရန်ကတော့  အတော်လေး စိတ်လေနေပြီဖြစ်တယ်။အရူးမျက်ဝန်းတွေနဲ့ ရိပေါ်မှာ  ဘာဖြစ်ချင်နေမှန်းကို သူတို့မသိကြ။

" ဒါပေမယ့်လေ မင်းတို့သိကြလား ဟောဒီ့လက်ကောက်ဝတ်ထက် ငါ့ရင်ထဲမှာ ပိုနာနေတာ ။သွေးတွေ တစိမ့်စိမ့်ထွက်နေတာ။ "

ရိပေါ်က အေးအေးလူလူပင်  စကားပြောမပြတ်။ ခနဲ့သံဖြင့်တောင် ထပ်မံရယ်လေသည်။

"အဟက် ! ငါ့နောက်ကျောမှာ ဓါးတွေစိုက်ဝင်နေတယ် မင်ရန်ရ ။ ကျိရန် မင်းရော သိလား အဲ့ဒီ့ဓါးက လွန်ခဲ့တဲ့ ၄နှစ်လောက်ထဲက ငါ့ကို စိုက်သွင်းထားတာ။ကာယကံ ရှင်တွေကတော့ အေးအေးဆေးဆေးပဲကွ ! ငါ့မှာတော့ မင်းတို့မြင်တဲ့အတိုင်းပဲ ! ဟက် ! "

ကွက်ခနဲဆိုသလိုမင်ရန်က မျက်နှာပျက်သွားသည်။တစ်ဆက်ထဲ ဉာဏ်ပြေးသည့် စုန်ကျိရန်မှာလည်း မိခင်ရှေ့ အလိမ်ပေါ်ကုန်သည့် ခလေးသဖွယ်။ရိပေါ် ဘာတွေသိထားပြီလဲ။ မဟုတ်မှလွဲရော.....။

"ရိပေါ် ငါတို့အမှန်တိုင်းပြောပြမယ် ။ မင်း လျောက်မလုပ်နဲ့တော့ ! "

သိထားပြီးပြီ။ ဝမ်ရိပေါ်က အကုန်သိထားပြီးပြီ။ ဆေးရုံကုတင်ပေါ်မှာ သူအလကား တုံးလုံးလှဲနေတာမှမဟုတ်ဘဲ။ ရှောင်းကျန့်ကို စတွေ့တဲ့နေ့ထဲက ဘယ်သူ့ကိုမှ မပြောပဲ တိတ်တိတ်ကလေး စုံစမ်းခဲ့ပြီးသွားပြီ။

You've reached the end of published parts.

⏰ Last updated: Jun 12, 2022 ⏰

Add this story to your Library to get notified about new parts!

Remember MeWhere stories live. Discover now