Part 3

13.2K 1.7K 228
                                    

"ဒါကဘာလဲ ဆေးလိပ်ဘူးကြီး မဟုတ်လား"

Ki က Jeon ကားထဲက ဆေးလိပ်ဘူးကို မြင်လိုက်လို့ တအံ့တဩ ဖြစ်သွားကာ အထူးတဆန်း ကြည့်ရှူ့နေလေသည်။

"မင်းပဲဆေးလိပ် မသောက်ဘူးဆို ငါတို့သောက်တုန်းကကြ ကျန်းမာရေးက ဘာဖြစ်တယ် အဆုတ်ကဘာဖြစ်တယ် ပြောပြီး သောက်တတ်ကြီး လုပ်နေတာ"

"ပြန်ချထားလိုက်စမ်းပါ"

Ki ကဆေးလိပ်ဘူးကို ဖွင့်ဖို့ကြိုးစားနေတုန်းမှာပဲ Jeon ကခပ်မြန်မြန် ဆွဲယူလိုက်တော့၏။

"သူ့လက်ချောင်းရှည်ရှည်လေးတွေနဲ့ ထိထားတဲ့ အဖိုးတန်ဆေးလိပ်လေးတွေ မသိရင် အသာနေ"

Chul ကအနောက်ခန်းထဲကနေ ခေါင်းထွက်လာပြီး

"ဟိုဘဲကြီးလား"

Jeon ပြန်မဖြေ ပြုံးတုံ့တုံ့ လုပ်နေလေသည်။

Ki "သူက Lula တူဆို Comida Food ရဲ့ ဥက္ကဌ"

"သူငါ့ကို မမှတ်မိဘူး.. ငါ့အပေါ်မှာ အာရုံစိုက်မလာသေးဘူး"

Chul "သူကစေ့စပ်ပွဲပျက်ထားတာတဲ့ လွန်ခဲ့တဲ့ သုံးနှစ်က"

Jeon သူ့ဆံပင်အဝါတို့ကို သပ်တင်လိုက်ကာ

"ငါနဲ့အရင်​တွေ့ခဲ့သင့်တာ.."

Ki ကသွားစွယ်လေးများပေါ်အောင် ပြုံးရင်း ပြောလိုက်၏။

"လွန်ခဲ့တဲ့ သုံးနှစ်ဆို မင်းတောင်အသက်မပြည့်သေးဘူး"

Chul "အခုရော ဘဲကြီးက သူ့ပြန်ကြိုက်မှာတဲ့လား လုံးဝပဲနော် ဘဲကြီးက ယောကျာ်းလေးရည်းစား တစ်ခါမှ မထားဖူးတဲ့ အဖြောင့်ကြီး"

Jungkook စတီယာတိုင်ပေါ်ကို လက်ချောင်းလေးများဖြင့် တတောက်တောက်ခေါက်နေပြီး ပူပန်လာပုံရ၏။ Chul ကအောက်ကျချင်နေသော Jeon ရဲ့စိတ်အခြေအနေကို အဆင်း ဘီးတပ်ပေးလိုက်ကာ

"လူကြီးလူကောင်းဆန်တဲ့ ဘဲကြီးနော် မင်းတွဲခဲ့ဖူးတဲ့ ငချွတ်လေးတွေ မဟုတ်ဘူး ပြီးတော့ ကုမ္ပဏီ ဥက္ကဌကြီး သူနဲ့မင်းက မိုးနဲ့မြေပဲ အခြေအနေက မလိုက်ဖက်ဘူး ခံစားချက်တွေ တအားမနက်နဲလာခင် ဒီတိုင်း စိတ်လျော့လိုက်"

The Kookie GuyWhere stories live. Discover now