Part 9

11.4K 1.6K 160
                                    

သိုးမွှေးဦးထုပ်အမည်းရဲ့အောက်က ဟိုတစ်စ ဒီတစ်စထွက်နေတဲ့ ရှေ့ဆံပင်လေးတွေက နဖူးပေါ်ဝဲကျနေပြီး မျက်ဝန်းဝိုင်းဝိုင်းလေးတွေဆီ မထိတထိ ဆင်းသက်နေကြသည်။

မျက်စံမည်းမည်းလေးတွေက ကလေးတစ်ယောက်က သူနဲ့မမှီတဲ့ စားပွဲပေါ်မှာတင်ထားတဲ့ သကြားလုံးကို အလိုရှိနေသလို တောက်နေတာပေမယ့် သူ့ရဲ့ပင်ကိုယ်စိတ်ရင်းကတော့ အရောင်မရှိဘူးထင်ပါရဲ့ မျက်လုံးလေးကို ကြည့်မိလိုက်တာနဲ့ ဖြူစင်အေးချမ်းခြင်းကို ခံစားသိလိုက်မိတာ...။

"ကျနော်အိမ်ထဲဝင်ပြီး တစ်ခုခုသောက်လို့ရမလား"

Taehyung ပိတ်ရပ်ထားတဲ့ တံခါးမကြီးရှေ့ကနေ ဘေးဘက်ကို အသာကပ်ပေးလိုက်ပြီး

"ဘာသောက်ချင်လဲ"

"အော.. ဘာနေနေပါ"

တကယ်လည်း ဘာနေနေ ဖြစ်ပါတယ်။ သူ့အိမ်ထဲ တစ်ခါဝင်နိုင်ဖို့ ဒီလောက်သဘာဝကျတဲ့ အကြောင်းပြချက်မရှိ။အဓိကက ပထမတစ်ခါလေ။ နောက်အခါတွေကျ အကြောင်းပြချက်မပါပဲ ဒီအတိုင်းဝင်နိုင်ဖို့ရာ အတွက်ရည်ရွယ်တာပေါ့။

သူကတော့ တကယ်ပဲ သောက်စရာတစ်ခု ကြီးကြီးမားမားလုပ်နေပုံရသည်။ မီးဖိုခန်းထဲဝင်သွားတာ မိနစ်အနည်းငယ်ကြာနေပြီ။

သူ့ဧည့်ခန်းက ပရိဘောဂတွေက Artist တစ်ယောက်ယောက်ရဲ့ လက်ရာတွေထင်သည်။ အလွန်အမင်းတန်ကြီးကြေးပြီး သူ့အတိုင်းပဲ Super Classic ဖြစ်နေ၏။

ချိတ်ဆွဲထားတဲ့မီးဆိုင်းကြီးက သေချာတယ် ကျနော့်တစ်သက်သက်တမ်းလောက်ရှိနေမှာဖြစ်လောက်ပြီး တန်ကြေးကတော့ ကျနော်တစ်သက်လုံး သုံးဖြုန်းခဲ့သလောက် ဖြစ်မည်။

သူသောက်စရာယူပြီး ထွက်လာသည်။

"ထိုင်လေ"

"တန်ကြေးကြီး ပစ္စည်းတွေမို့ မထိုင်ရဲဘူးဖြစ်နေတာ Hyung အိမ်က Hyung အတိုင်းပဲ လုံးဝ Classic"

"ငါ့အိမ်မှာ Milk တော့မရှိဘူး.. ပုံမှန်ဆို ဒီလိုဧည့်သည်မလာတတ်တော့လေ.."

Milk မရှိဘူး။ ဒီအသက်အရွယ်ဟု ကျနော့်ကိုလှောင်ချင်တဲ့သဘောလေးဆိုကာ Alcohol တစ်ခွက် လှမ်းပေးသည်။ ပြီးနောက် သူ့ဘောင်းဘီအိတ်ကပ်ထဲက ကျနော်ပေးထားတဲ့ cookie ထုပ်လေးကို ထုတ်ပေးပြီး

The Kookie GuyWhere stories live. Discover now