3

11.9K 1.1K 69
                                    

For  Unicode

စိမ်းစိုလတ်ဆတ်နေတဲ့ စိုက်ခင်းတွေကို ထယ်ယောင်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကြည့်နေရာကနေ ပျင်းလာသလို ခပ်ကျစ်ကျစ်မြေစာခဲတွေကို ဖိနပ်ထိပ်လေးနှင့် ဖိခြေကာ နင်းလိုက်သည်။

" ဘယ်လိုလဲ? ပျင်းနေပြီမဟုတ်လား မြို့သားကြီး "

အွန်းဆော့က ငါးနီတူခြောက်များကို ပေါချင်းသောချင်း ပန်းကန်တစ်ခုထဲတွင် ထည့်လာပြီး သစ်သားကွပ်ပျစ်လေးတွင် တင်ရင်းမေးသည်။

" နည်းနည်း...လူမှမစုံသေးတာ ကြည့်ဦးလေ ငါတစ်ယောက်တည်း "

" အားပါပြီကွာ။ မင်း ငါးနီတူကြော်လေးစားချင်တယ် ပြောလို့ မနက်ကစောစောသွား၀ယ်ပြီး ကြော်နေတာ"

သူ့အနွံတာကို ခံလွန်းလှသော သူငယ်ချင်းကြောင့် ထယ်ယောင်းမျက်၀န်းတွေနူးညံ့သွားကာ ကွပ်ပျစ်ပေါ်လာထိုင်လျှက် အွန်းဆော့ကို မှီလိုက်သည်။

" မင်းပဲ အကောင်းဆုံး "

" ဒါဆို ငါတို့ကမကောင်းဘူးပေါ့"

ဂျန်းယောင်း၏ အသံဩဩနောက်တွင် မင်ဂျယ်က ပြုံးလျှက် ‌‌မြေလှေကားထစ်လေးများကိုနင်း လာ လိုက်ပါလာသည်။ လက်ထဲတွင်လည်း အထုတ်ပေါင်းစုံနှင့်။

" မကောင်းဘူး။ မင်းတို့ သိပ်ကြာတဲ့ကောင်တွေ "

ဂျန်းယောင်းက ဟွန့်ခနဲ တစ်ချက်နှာမှုတ်ကာ ဆန်အရက်ပုလင်းများနှင့် တစ်ခြား၀ယ်လာသည့် စားစရာများကိုကွပ်ပျစ်ပေါ်ပစ်တင်လိုက်သည်။ မင်ဂျယ်ကတော့ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ခုနက ထယ်ယောင်းကြည့်ခဲ့သည့်ရှုခင်းတွေကိုပဲ ပြုံးရင်းကြည့်နေ၏။

" ဒီလိုမစုံတာတောင်ကြာပြီ "

အွန်းဆော့၏ ရေရွတ်သံကို ဂျန်းယောင်းက ခေါင်းညိမ့်ကာ အသိမှတ်ပြုရင်း ထယ်ယောင်းရှိရာကို မျက်လုံးကဒိုင်းခနဲရောက်လာသည်။

အရင်ကိုလူအေးဂျန်းယောင်းသည် အခုတော့ လုံး၀ကို ဇတ်ဇတ်ကြဲဖြစ်နေချေပြီဖြစ်၏။

" ဟေ့ကောင် ဘာလို့ငါလာကြည့်နေတာလဲကွ။ လူမစုံအောင် ငါကပဲ လုပ်နေသလိုလိုနဲ့"

Dream KeeperDonde viven las historias. Descúbrelo ahora