13

9.2K 1K 127
                                    

For Unicode

အလွန်ပင် ပျင်းရိနေခဲ့သော ထယ်ယောင်း၏နေ့ရက်တွေသည် ဂျုံးဂု ၏ အကြင်နာ‌များကြောင့် ပြန်လည် လည်ပတ်ခဲ့ရာ ယခုမူ အီသန်ပါ ‌ပြန်ရောက်နေသဖြင့် ပို၍ပင် လှပလာ၏။

သို့ သော် ထယ်ယောင်း၏စိတ်ထဲတွင် ဟိုလူ့အကြောင်းကို ပြောသင့်မသင့် လွန်ဆွဲရင်း ချင့်ချိန်နေရာကနေ ဖြစ်လာသည့် စိတ်ညစ်ညူးမှုလေးတွေတော့ရှိသည်။

မပြောပြန်ရင်လည်း ဟိုလူက အငြိုးနဲ့တစ်ခုခုအကောက်ကြံခံရမှာကို တစ်ယောက်တည်း တွေးကြောက်နေရသည်။

ပြောပြန်ရင်လည်း ဂျုံးဂု၏ စိတ်နှင့်.....။

ကိုယ့်အတွေးနဲ့ကိုယ် ကော်ဖီကရားလေးကို ကိုင်ကာ ငိုင်နေတုန်း ရှေ့သို့ရောက်လာသည့် ရွှေရောင်အနားကွပ်ခွက်ကလေးကြောင့် ဟင် ခနဲ ယောင်၍ ထူးလိုက်မိသည်။

ကြည့်လိုက်တော့ ခပ်ပြုံးပြုံးရုပ်ကလေးနှင့် အီသန်...။

" ဘာလဲ ဒီခွက်က! ဟိုမှာ နွားနို့ရှိတယ်လေ"

အကြံကိုသဘောပေါက်စွာ ထယ်‌ယောင်းမျက်စပစ်ရင်း ပြောလိုက်တော့ အီသန်က သက်ပြင်းချသည်။

" အီသန် နွားနို့မသောက်ချင်တော့ပါဘူး ဖေဖေရယ်။ အရသာဟာ သိပ်အီတယ်..
ကော်ဖီခါးစိမ့်စိမ့်‌လေး သောက်မှ "

ဒီတစ်ချက်ကိုတော့ အီသန့်ကို သူစာနာပါသည်။ ဂျုံးဂုဟာ ထယ်ယောင်းလောက် အီသန့်ကို အစားအသောက်နေရာတွင် မတင်းကြပ်သော်လည်း အထိုက်အလျောက်တော့ တင်းကြပ်သည်ပင်။

ကလေးငယ်လေးဖြစ်သည့်အတွက် အီသန့်ကို ကော်ဖီအား မသောက်စေရ။
ထိုအစား နွားနို့ကိုသာ တွင်တွင် သောက်စေသည်။ အရွယ်နှင့် လိုက်ဖက်မည့် အားဆေးတွေ ဆိုတာလည်း စနစ်တကျ ၀ယ်ပေး၍ နေ့တိုင်းပုံမှန်သောက်စေတာဖြစ်၏။

သို့သော် အီသန်ဟာ ကော်ဖီသိပ်ကြိုက်ကာ ခိုးခိုးသောက်တတ်သည်။

ယခုလို ဂျုံးဂုဆင်းမလာသေးသည့်အချိန်တွေဆို သူခိုးလေးလို လှစ်ခနဲ လှစ်ခနဲ တစ်ငုံလောက် သောက်နေကျပင်။

ဒီတစ်ချက်တော့ သူနှင့်တူသား ဟု ထယ်ယောင်း တွေးမိ၏။

" မရဘူး အီသန်။ ဟန်မပျက်နေ ဟိုမှာ ဒယ်ဒီလာပြီ "

Dream KeeperWhere stories live. Discover now