23

9.8K 1.1K 123
                                    

For Unicode
တဖိတ်ဖိတ်တောက်နေတဲ့ ငွေရောင် မီးခြစ်လေးဟာ ပင်လယ်ပြင်ပေါ်ယှက်ပြေးနေတဲ့ အလင်းလဲ့လဲ့ လေးများကဲ့သို့နှယ်....

အနှီမီးခြစ်လေးကို ဖွင့်လိုက်ပိတ်လိုက် ဆော့ကစားရင်း လက်တစ်ဖက်က ဖွင့်လက်စကားတံခါးဘောင်ပေါ် တင်ထားသော ဂျုံးဂုသည်လည်း ပင်လယ်ပြာကဲ့သို့ လွင်သော နုသော ရှပ်လက်ရှည်ပါးပါးလေးကို ၀တ်ထားပြီး ကျယ်ပြောသော ကမ်းခြေအနီးလမ်းတစ်လျှောက်ကို အကဲခတ်ဟန်ဖြင့် ကြည့်ရှူနေသည်။

နှုတ်ဖျားမှာတော့ စီးကရက်တစ်လိပ်ကိုခဲလျှက် ရှိတာမို့ ပန်းရောင်စိုလဲ့နေသည့် နှုတ်ခမ်းများသည် ပို၍စွဲမက်ဖွယ်ကောင်းနေဟန်ရှိ၏။

" တကယ်မပြန်‌ချင်သေးဘူး "

အိမ်ထဲမှ အီလေးဆွဲကာ ထွက်လာတဲ့ အသံစူးစူးလေးကိုကြားတော့ ထိုနှုတ်ခမ်းကြားမှ စီးကရက်လေးက နေရာရွေ့သွားပြီး အပြုံးတစ်ခုက ဂျုံးဂု၏မျက်နှာတွင် လှစ်ခနဲ ပေါ်လာသည်။

" မပြန်ချင်သေးလို့သာပါပဲ "

" ကိုလေးနော် သားပဲ လိုက်စမနေနဲ့ "

အစ်ကိုနှစ်ယောက်က အထုတ်တွေဆွဲကာ ရပ်ထားသော ဂျုံးဂုကားဆီသို့ ရောက်လာကြပြီး ထယ်ယောင်းကတော့ ငါးမုန့်ကြော်အထုတ်ကြီးကိုပိုက်ကာ စားလိုက် စကားပြောလိုက်ဖြင့် လျှောက်လာသည်။

" နောက်လကျရင် ဆိုးလ်လာလည်မယ်ဆိုတဲ့ ကတိကို သေချာပေါက် တည်ရမယ်နော် "

ကိုကြီးကတော့ ခေါင်းညိမ့်ပြကာ ရယ်ရုံရယ်နေပြီး ကိူလေးကတော့ မလာချင်ပါဘူးဟူ၍ မျက်နှာကိုရှုံ့မဲ့ကာ စနေ၏။

ဂျုံးဂုသည် နှုတ်ဖျားမှ ခဲ နေသော စီးကရက်ကို လက်ကြားထဲ ပြောင်းကာ ကိုယ်ဟန်ကိုပြင်လိုက်ပြီး

" အစ်ကို တို့ အေးအေးဆေးဆေး အလုပ်လုပ်ရအောင် မြို့ထဲက ကိုယ် တို့ အပန်းဖြေစခန်းမှာ သွားနေရင်ရော? ဒီနားက သိပ်ဆူညံနေမယ် ထင်တယ် "

ဂျုံးဂု၏ စကားကို အစ်ကိုနှစ်ယောက်က ရယ်ကာ

" ရပါတယ်ကွ။ သိတယ်မို့လား တို့ညီအစ်ကိုတွေက သိပ်ပြီး အေးအေးဆေးဆေးနေတတ်ကြတဲ့သူတွေ မဟုတ်လေတော့ ဆူဆူညံညံ လေးပဲ သဘောကျတယ်။ အလုပ်အသွားအပြန်ကလည်း အဆင်ပြေပါတယ် "

Dream KeeperWhere stories live. Discover now