"အိုခေ သမီး.... အားတင်ထား မွေးပြီ မွေးပြီ....."
"မာမားရေ ရေနွေးဝတ်လေးလုပ်ပါဦး...."
"မာမားရေ လုပ်ပါဦး....."
တရစပ်အော်နေသောမိမိကြောင့်
" လင်းရေ နင်မွေးတာလား ကြောင်မွေးတာလားးးးးး"
ဟူသောမာမား၏လော်စပီကာသံကိုကြားလိုက်ရလေသည်။
မနက်အစောပိုင်းက......
"မြောင်...."
ဟူသောအသံနှင့်အတူ မိမိအိပ်ယာအနားသို့လျှောက်လှမ်းလာသော ကွေးကွေးမအားတွေ့လိုက်ရလေသည်။
မိမိအားမော့ကြည့်နေသောအရည်ရွမ်းသည့်မျက်လုံးကြီးများဖြင့်"မြောင်..... မြှောင်...."
ဟုအော်နေသောကြောင့်
"ငါဆုတေင်းတယ်သိလား တရက်တော့နင်တို့စကားတွေကိုငါနားလည်ပါရစေလို့ အဟင့် လာ ခြင်ထောင်ထဲကို"
ဟုဆိုကာ မိမိခြင်ထောင်ထဲသို့ခေါ်လိုက်သည်။ ထို့နောက်မှတွေးမိသည်က ကွေးကွေးသည် ကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။
ထို့ကြောင့် မိမိအိပ်ယာထဲမှ စောင်အဟောင်းလေးတထည်အားခင်းကာ"သမီးလေး မွေးတော့မှာလား မွေးချင်ရင်ဒီမှာမွေးနော် ဒီမှာကလုံခြုံတယ်သိလား"
ဟုဆိုမှ "မြှောင်" ဟုအသံတချက်ဆိုပြီးထိုအခင်းပေါ်လှဲအိပ်လိုက်လေသည်။
ထို့နောက်မိမိလက်အား အားယူ၍ကုတ်ကိုင်ကာ ကလေးမွေးဖို့စတင်လိုက်လေသည်။ထို့သို့ညှစ်နေရင်း ၅မိနစ်ခန့်အကြာ ကလေးပိစိလေးတစ်ကောင်ထွက်လာသည်။
သန့်ရှင်းရေးလဲမလုပ်ရသေးတာမို့ မာမားကိုပဲရေနွေးဝတ်လေးယူခိုင်းလိုက်တော့သည်။
သို့သော်မိမိ၏ ခဏခဏအော်နေသံကြောင့် မာမား၏အော်သံကိုပါပြန်ကြားလိုက်ရလေသည်။နေ့လည် ၁၀ နာရီဝန်းကျင်ခန့်မှသာ ကလေးမွေးဖွားခြင်းပြီးစီးလေသည်။
အာလုံးပေါင်း ကလေး ၄ ကောင်မွေးသည်။ အကုန်လုံးကလဲအဖြူနှင့်ရွှေဝါရောင်စပ်လေးများပင်ဖြစ်သည်။ အထီးလေးများဖြစ်မယ်လို့ပဲ ယူဆထားသေးရတာပေါ့။
YOU ARE READING
CAT
Romanceမတော်တဆမှုတစ်ခုကြောင့်ထူးဆန်းတဲ့ကိစ္စရပ်တွေကြုံတွေ့လာရတဲ့လူတစ်ယောက် ထိုလူတစ်ယောက်ကိုပဲ အရိပ်တကြည့်ကြည့်နှင့်ရင်ခုန်နေပြီးဖွင့်မပြောရဲတဲ့လူတစ်ယောက် ထိုလူနှစ်ယောက်ဆုံဆည်းကြဖို့ရန်အတွက်အဘက်ဘက်မှဝိုင်းဝန်းကူညီကြသောမြားနတ်မောင်လေးတစ်စု.... မေတာ္တဆမႈတစ္ခု...