part-5 (Uni)

1 1 0
                                    

နေအပူရှိန်မကျသေးပေမယ့် ထီးမိုးလာပေးသောထိုလူကိုတော့ကျေးဇူးတင်ရမယ်

"ဟိုငယ်ငယ်ကကိစ္စတွေအတွက် sorry နော်"

"ဪ ရပါတယ်ဗျာ ကလေးဘဝပဲ အမှတ်တရများတာကောင်းတာပေါ့ ဟီးဟီး"
ဟုသာဆိုလိုက်သည်။

"ကြောင်လေးတွေတအားချစ်တယ်ထင်တယ် မနက်ကဝရံတာထွက်တော့အော်သံတွေကြားနေရတယ်"

"ဗျာကြားလိုက်တာလား " ဟုဆိုကာနည်းနည်းတော့ရှက်မိသေးသည်။

"ဟုတ်တယ် ကျနော်အခန်းကနေဆို ပန်းခြံလေးကိုရော မင်းလေးရဲ့အခန်းကိုပါလှမ်းမြင်​နေရတယ်လေ"

"အာ အဲ့လိုလား မျက်စိတွေတော့နောက်နေတော့မှာပဲ"

"ဗျာ မနောက်ရပါဘူးဗျာ ဒီလောက်အသည်းယားဖို့ကောင်းတာ"

"ဗျာ" ဟုဆိုကာ သူ့ကိုမော့ကြည့်မိတော့သူကမျက်နှာလွှဲထားသည်မို့ မိမိဘက်ကလည်းဘာစကားမှဆက်မဆိုဖြစ်
တိတ်ဆိတ်သောလေထုထဲသို့

"စက်လို့ပဲခေါ်မယ်နော်ရတယ်မဟုတ်လား"
တဖန်သူဆိုလာသောစကားကြောင့်

"ဟုတ်ရပါတယ် ဒါနဲ့ရိုင်းတယ်တော့မထင်ပါနဲ့နော် အသက်ကဘယ်လောက်ရှိပြီလဲဗျ"

"ကိုကလား အွန်း ၂၅ "

"ဗျာ မထင်ရဘူးနော်"

မိမိထင်ထားသည်ထက်များစွာကြီးနေသဖြင့်နဲနဲတော့အံ့သြမိသည်..

"စက်ကဘယ်လောက်ထင်လို့လဲ"

"20 "

"ဗျာ အဲ့လောက်တောင်လား ဟား"

ဟုဆိုကာပြုံးရွှင်နေသောသူ့အားကြည့်မိရင်း မိမိရင်တွေခုန်လာသလိုလို အသက်ရှူရခက်လာသည်။

"ဒါနဲ့ ဒီကဟို..."
အူတူတူအတတဖြစ်နေသော မိမိအားစိတ်မရှည်သလိုလှည့်ကြည့်ကာ

"အကိုလို့ခေါ်ချင်ခေါ် စိုင်းလို့ခေါ်ချင်ခေါ်  စိတ်ထဲရှိရင်မောင်လို့လဲ ခေါ်လို့ရပါတယ်ဗျ"

CATWhere stories live. Discover now