Unicode
တရားဝင်မဟုတ်သည့်ကလေး
ချီကျန်းက ချီကျွင်းကို ဒီလိုပုံစံမျိုးနှင့် တစ်ခါမှ မမြင်ဖူးပေ။ ငယ်ငယ်လေးကတည်းက ရှက်ရွံ့ပြီး သူရဲဘောကြောင်တဲ့ ထိုလူက သူ့ကို စိုက်ကြည့်ပြီး ဒီလိုစကားတွေ ပြောလာခဲ့သည်။ အစ်ကိုကြီး သူ့ကိုလာခေါ်တုန်းက" ချီကျွင်းက သူ့ခေါင်းသူရိုက်ခွဲလိုက်တယ်လို့ ပြောထားသေးတာ ဒီကောင် တကယ်ပဲရူးသွားတာလား။ ""ဟေး မင်းကငါ့ကို ဘယ်လိုအရည်အချင်းတွေနဲ့ ယှဉ်မှာလဲ။ ငါက ငါ့မိဘတွေရဲ့ သားအရင်းပဲ။ မင်းကကော ဘယ်သူက မွေးတာလဲတောင် မသိဘူးလေ။"
ထိုစကားတစ်ခွန်းနှင့်ပင် ချီကျွင်းကို ဤမိသားစုက အဘယ်ကြောင့် နွေးနွေးထွေးထွေး မရှိကြာင်း ရှင်းလင်းသွားသည်။ သူသည် ချီမာမား၏သားအရင်းမဟုတ်ကြောင်း ရာနှုန်းပြည့် သေချာနေပြီးသော်လည်း ချီပါပါး၏သားဟုတ်မဟုတ် မသိရသေးပေ။ သို့သော် ချီကျွင်း နှင့် ချီပါပါးတို့ သည် သုံးနေရာလောက် ဆင်တူသည်ဟု သိရပြီးနောက် သူ၏ မိခင်အရင်းဖြစ်သူသည် အခြားအထင်လွဲမှုများမှ ရှောင်ရှားရန် ချီပါပါးကိုလည်း ပြုစုစောင့်ရှောက်ခွင့်မပေးခဲ့ပြန်ပေ။
သူဘာမှ ပြန်မပြောနိုင် တာကိုမြင်တော့ ချီကျန်းကျေနပ်သွားသည်။ သေချာစွာ မသန့်စင်ရသေးသော ဧည့်ခန်းကြမ်းပြင်ကို လက်ညိုးထိုးပြရင်း
"မင်းကတကယ် အမှိုက်ပဲ။ အိမ်ကိုတောင် မရှင်းနိုင်တော့ဘူးလား။ မင်းမသုတ်ရသေးတဲ့နေရာကတောင် ရှင်းထားပါတယ်ဆိုတဲ့ နေရာထက် သန့်နေသေးတယ်။"ချီထျန်းတစ်ယောက် စိတ်မချမ်းသာတော့ပေ။ "ဘာတွေပြောနေတာလဲ။ ဒုတိယအစ်ကိုက အပေါ်ထပ်ရော မီးဖိုချောင်နဲ့ ရေချိုးခန်းကိုရော သန့်ရှင်းရေးလုပ်ထားတာ။ ဧည့်ခန်းက နောက်ဆုံးလုပ်ရမဲ့အပိုင်းပဲ။ ကြမ်းပြင်ကို သုတ်ဖို့လုပ်နေတုန်း တတိယအစ်ကိုကဝင်လာပြီး အဲဒီပေါ်မှာလာရပ်နေတာလေ။"
ချီကျန်း က မျက်မှောင်ကြုတ်ကာ "ငတုံးမလေးရဲ့ ဘာလို့ ဒီလောက်တုံးနေတာလဲ။ အစ်ကိုကြီးနဲ့ ငါက မင်းအစ်ကိုအရင်းတွေပါ။ ဘာမှသွေးမတော်တဲ့ အဲ့အကောင်ကို ဘာလို့ ဂရုစိုက်နေတာလဲ"
![](https://img.wattpad.com/cover/313760425-288-k449768.jpg)
YOU ARE READING
အနာဂတ် သားရဲကမ္ဘာ၏ ရှေးသမားတော် (Myanmar Translation)
Fantasyအနာဂတ်သားရဲကမ္ဘာ၏ ရှေးသမားတော် (The Ancient Physician of The Future Beast World) Gener - BL MC ချီကျွင်း ၊ တုန်ဖန်းရုန် ဘာသာပြန်သူ Lemon (Yellow lotus) အနာဂတ်သားရဲကမ္ဘာ၏ ရှေးသမားတော် ( The Ancient Physician of The Future Beast World ) အကျဉ်းချုပ် ...