17. ကောလဟာလတွေ အထွက်ခံနေရတဲ့ အတန်းဖော်ရှောင်ကျွင်း

246 60 1
                                    

Unicode

ကောလဟာလတွေ အထွက်ခံနေရတဲ့ အတန်းဖော်ရှောင်ကျွင်း

   ချီကျွင်းသည် သန်မာသော သန္ဓေပြောင်းလူသားများက သူတို့ရဲ့အဆင့်ကို အဘယ်ကြောင့် အဆက်မပြတ် မြှင့်တင်နေချင်ကြသည်ကို နားမလည်သော်လည်း လက်ရှိ အဆင့်မြင့်သန္ဓေပြောင်းလူသားတို့ နေထိုင်ရာနေရာသည် အလွန်လုံခြုံပုံရသည်။  ဒါပေမဲ့ အဲ့ဒီအကြောင်းတွေက သန့်စင်သောလူသားတစ်ယောက်အနေနဲ့ နားလည်နိုင်တဲ့ အရာမဟုတ်ပေ။ ထို့ကြောင့် သေချာလိုက်တွေးနေဖို့လည်း စိတ်ကူးမရှိချေ။  အခုအချိန်မှာ အရေးကြီးဆုံးက စားရဖို့သာဖြစ်သည်။  သူ တကယ် ဗိုက်ဆာနေပြီ။

  မီးဖိုသည်လည်း အသုံးချလက်နက်တစ်မျိုးသာ ဖြစ်သည်။  ချီကျွင်း၏ သတ်မှတ်ထားသော အသားပြားအထူသည် လက်နှစ်လုံးစာလောက် ဖြစ်သည်။  မီးဖိုချောင်ရှိ မီးဖိုပုံစံကို အကဲဖြတ်ကြည့်ပါက ထိုအသား၂ပြားကို ဆယ့်ငါးမိနစ်အတွင်း ချက်ပြုတ်နိုင်သည်။  ဒါပေမယ့် တစ်၊ နှစ်၊ သုံး... စုစုပေါင်း အသားက လင်ဗန်းခြောက်ဗန်းစာ ရှိနေသည်။ အချိန်က မရသည့်အပြင် ပြီးလျှင် ဆော့စ်ပိုလည်း ကိုယ်တိုင်လုပ်ရဦးမည်။  "ငန်တာနဲ့ ချိုတာ ဘယ်ဟာပိုကြိုက်လဲ။  ချဉ်ချဉ်လေး စားမလား ဒါမှမဟုတ် နည်းနည်း ပိုစပ်တာစားမလား"

တုန်ဖန်းရုန်သည် ယခင်က အစားအသောက်၏ အရသာကို ဇီဇာမကြောင်သူဖြစ်သည်။  နောက်တစ်ခုက လူတိုင်းချက်ပြုတ်တဲ့ အရသာက အတူတူပါပဲ မဟုတ်ပါလော။  အဖျော်ယမကာ အနည်းငယ်မျှသာ ကွဲပြားသော အရသာရှိတတ်ကြသည်။ ပြီးတော့ သူက အစားအစာရဲ့ အရသာမဟုတ်ဘဲ အာဟာရဓာတ်ကိုသာ လိုအပ်တာဖြစ်သည်။  သို့သော် ချန်းဖန်သည် ချီကျွင်း၏ အသားပြားများကို သိမ်းဆည်းလာပြီးနောက် စိတ်ပြောင်းသွားသည်။  သာမန်ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာက သူ့ကို မထင်မှတ်ပဲ သဘောကျသွားစေခဲ့သည်။  "မင်းကြိုက်သလိုလုပ်ပါ။ ငါ့ကိုမေးနေရင် အချိန်ပိုကြာသွားလိမ့်မယ်။"

"အဲ့တာ အမှန်ပဲ။ နည်းနည်းချဉ်တာလေးပဲ လုပ်ကြရအောင်။"  စကားပြောပြီးနောက် ချီကျွင်းသည် လှည့်၍ ရေခဲသေတ္တာဆီသို့ သွားကာ နောက်ထပ်ဘောလုံးအရွယ် ဖရဲသီးကို ထုတ်ယူလိုက်သည်။  ဒီအသီးကို လျှာဖရဲသီး လို့ခေါ်ကြသည်။  ၎င်းသည် အလုံးပုံစံရှိသော အသီးဖြစ်သော်လည်း အပြင်အခွံကို ဖယ်ရှားပြီးနောက် အတွင်း၌ ပျော့စိစိအတွင်းသားရှိသည်။  အတွင်းသားကို ခွဲလိုက်ပါက တစ်ပိုင်းစီသည် လျှာနှင့် ခပ်ဆင်ဆင်တူသောကြောင့် ထို့သို့ နာမည်ပေးထားသည်။ ကျောင်းမှာ  စီနီယာက ဧည့်သည်တွေကို ဧည့်ခံထားတုန်းက ထိုအသီးကို မြည်းစမ်းကြည့်ဖူးသည်။ သို့သော် ထိုအသီးက စတုတ္ထအဆင့် စိုက်ပျိုးထုတ်ကုန်ဖြစ်တဲ့အတွက် ယခုအသီးလောက် အရွယ်အစားဆိုလျှင် အမှတ်ခြောက်ရာ ခုနစ်ရာလောက် ကုန်ကျသဖြင့် သူတစ်ခါမှ မဝယ်ဖူးပေ။  ဘာပဲဖြစ်ဖြစ် ချိုချဉ် အရသာရှိတဲ့ အသီးလေးပါပဲ။  အချဉ်အရသာရှိစေရန် ချက်ပြုတ်လျှင် သဖန်းသီးများကို သုံးတတ်ကြသည်။  ဤအရာသည် ဂရိတ်ဖရုသီးနှင့် သံပရိုသီး ပေါင်းစပ်ထားသလိုမျိုးဟု သူခံစားမိသော်လည်း အတွင်းသားထဲတွင် အမွှာလေးများမရှိဘဲ ဂျယ်လီကဲ့သို့ ဖြစ်နေသည်မှာ ထူးဆန်းသည်။ ထိုအသီးကို မြင်ကတည်းက မြည်းကြည့်ချင်နေတယ်လို့ တော့ သူမဆိုလိုပါဘူးနော်။

အနာဂတ် သားရဲကမ္ဘာ၏ ရှေးသမားတော် (Myanmar Translation)Where stories live. Discover now