The End of The Beginning

14 2 0
                                    

Unicode › နိဂုံး၏စတင်ခြင်း

" ဟွား... ဟွား.... ကိုယ့်ဆီပြန်ခဲ့တော့ "

" ဟွား... ကိုယ်မင်းကို အရမ်းလွမ်းနေခဲ့တာ "

" ဟွား.... ကိုယ်တောင်းပန်ပါတယ် ပြန်ခဲ့ပါ... "

" ဟင့်အင်း..... မလာဘူး !!!ထွက်သွား!!! အား !!!!! "

မြင်လွှာကိုဖွင့်လိုက်သည့်အချိန်တွင် အနုမြူကြယ်တို့၏ တလက်လက်အလင်းလေးမှလွဲကာ မဲမှောင်လျက်ရှိသော အခန်း၏မျက်နှာကျတ်ကို မြင်လိုက်ရသည် ။

အိပ်ရာနံဘေးရှိ ညအိပ်မီးအိမ်လေးသည် သေးငယ်သော အလင်းဖျော့ဖျော့ကိုသာ ပေးစွမ်းနေသည် ။

ရုတ်တရက်ထထိုင်လိုက်ချိန်တွင် ဦးခေါင်းထဲ၌ အနည်းငယ် မူးနောက်သွားသော်ငြား ‌ဘေးပတ်ဝန်းကျင်ကိုသာ စူးစမ်းလျက် ယခုတည်နေရာသည် မိမိ၏အိပ်ခန်းဖြစ်ကြောင်းသာ အတည်ပြုနေမိသည် ။

ငယ်စဉ်ကတည်းက မက်လေ့ရှိသော အိပ်မက်များသည် ယခုအထိ အနှောင့်အယှက်ပေးနေဆဲ ။

ဩရှကာ ရိုကျိုးစွာတောင်းဆိုနေသော ထိုယောကျာ်းအသံသည် ကြားလိုက်ချိန်တိုင်း မျက်ရည်တို့ဝေ့ဝဲစေသော်ငြား ရင်ထဲမှ အမုန်းတရားများသာ ထွက်ပေါ်လာသည် ။

ထိုယောကျာ်း၏အသံကို ပြင်ပတွင်မကြားဖူးသော်လဲ အိပ်မက်ထဲတွင် ပါဝင်နေကျမို့  မစိမ်းသက်တော့ပေ ။

မိမိ၏ "ဟွား" ဆိုသောနာမည်ကို သိသူသည် မိသားစုမှအပ သုံးယောက်ပင်မပြည့်ပေ ။
" ဟွား " ဟူသည် ‌မီးတောက်နှင့်ပန်း ဟူသည့် အဓိပ္ပာယ်နှစ်မျိုးနှင့် တည်ရှိနေသည် ။
" ဟွား " ဟူသော စကားလုံးသည် ကြားမိတိုင်းသူ့ရင်တွင်း တင်းကြပ်လာစေသည် ။ 

မှောင်မိုက်လျက်ရှိသော ညသည် တိတ်ဆိတ်မှုကို  ဆောင်ကျဉ်းဆဲ ။ လေပြည်သွဲ့သွဲ့က ပြာနုနုလိုက်ကာစများကို မျောလွင့်စေကာ အတွေးနယ်မြေထဲသို့ ဝင်ရောက်စေသည် ။

သူ့နာမည်အရင်းသည် ဝူယောင်းလီ ဖြစ်ပြီး ဝူမိသားစု၏ အငယ်ဆုံးသားဖြစ်သည် ။
ယောင်းလီသည် ထာဝရပျော်ရွှင်မှုကိုရည်ညွှန်းသော်ငြား တကယ့်ဘဝသည်တော့ ဆန့်ကျင်ဘက်သာ ။
ဝူမိသားစုသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးမိသားစာရင်းတွင် ပါဝင်သော်လဲ မိသားစု၏နွေးထွေးမှုသည် နောက်ဆုံးမှရေတွက်လျှင် ပထမနေရာပင်ရနိုင်သည်။ ဝူသခင်ကြီးနှင့် ဝူသခင်မကြီးသည် လူချမ်းသာအများစု၏ ထုံးစံအတိုင်း စီးပွားရေးအရသာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ယောင်းလီ၏အထက်တွင် အကိုတယောက်သာရှိပြီး ‌ယောင်းလီအပေါ် နွေး‌ထွေးမှုအပေးဆုံးသူဖြစ်သည် ။

᪥Hwaa᪥ || Hiatus ||Where stories live. Discover now