Unicode_ Did I rebirth in a ancient Kingdom?

6 0 0
                                    

Unicode » ငါကရှေးဟောင်းနိုင်ငံတော်ခုမှာပြန်လည်မွေးဖွားခဲ့တာလား ?

ဝေဝါးနေသော အမြင်အာရုံသည် ကိုက်ခဲနေသော ဒဏ်ကို ပိုမိုဆိုးဝါးအောင် လုပ်နေသလိုပင် ။ စူးရှနေသော အလင်းရောင်ကြောင့် မြင်လွှာပေါ်မှ ပုံရိပ်တို့မှာ ဝေဝေဝါးဝါး ။လည်ချောင်းအတွင်းမှ ခြောက်ကပ်မှုက သည်းမခံနိုင်သည်အထိ ဆိုးဝါးနေသည် ။

" ရေ....ရေ... "

" ဟွား.... ဟွားလေး သတိရလာပြီ !! "

အနည်းငယ်စူးရှသော်ငြား စိုးရိမ်မှုနှင့်ဝမ်းသာမှုတို့ကိမ်းအောင်းနေပါသော အမျိုးသမီး၏ အသံသည် ဤနေရာ၏တော်တော်ဝေးဝေးမှပင် ကြားရလောက်နိုင်ပေသည် ။

" သမားတော်ပါလာပါပြီ သခင်မ "

ငါးယောက်ခန့်ရှိသော လူတို့၏လှုပ်ရှားသံ ၊ ပွက်လောညံနေပါသော စကားပြောသံတို့ကြား မူးဝေလာပြီး လောကနှင့်ထပ်မံ၍ အဆက်အသွယ်ပြတ်သွားခဲ့ပြန်သည် ။

" သမားတော်ကြီး... ဟွားလေးအခြေအနေက?"

" အတော်လေးသက်သာနေပါပြီ သခင်မ ။ အခုက အားနည်းနေဆဲဖြစ်လို့ပါ ။ မကြာခင် သတိလည်လာပါလိမ့်မယ် ။
ဦးခေါင်းနဲ့ ကြမ်းပြင်နဲ့ရိုက်ခတ်မိတဲ့ ဒဏ်ကပြင်းထန်တာကြောင့် ဦးခေါင်းအတွင်းပိုင်းက အောင့်တာ ၊ မူးဝေတာ ရံဖန်ရံခါမှာ သတိမေ့မြောနိုင်ပါတယ် ။
အဲ့လိုအခြေအနေတွေဖြစ်ပေါ်လာခဲ့ရင်တော့ ဒီလူအိုကြီးကို ဘယ်တော့မဆို လာခေါ်နိုင်ပါတယ် ။ ဆူဆူညံညံအသံတွေ ၊ အာရုံစူးစိုက်မှုကို ရှုပ်ထွေးစေမယ့် ကိစ္စကို တတ်န်ုငသလောက် ရှောင်ရှားပေးပါ သခင်မ ။ ဒီကလူအိုကြီးက အားဆေးအချို့ပေးခဲ့ပါမယ် ။ "

" ကျေးဇူးတင်ရှိပါတယ် သမားတော်ကြီး "

" မခံယူဝံ့ပါဘူး သခင်မ "

အရိုအသေပေးပြီးနောက်တွင် သမားတော်ကြီးသည် လက်ထောက်သမားတော်လေးနှင့်အတူ တိတ်တဆိတ်သာ ပြန်လည်ထွက်ခွာသွားတော့သည် ။

အမျိုးသမီးကြီးသည် စိုးရိမ်စိတ်သန်း‌နေသော မျက်ဝန်းတို့နှင့် စောင့်ကြည့်နေသော်ငြား တခဏအကြာတွင် အခန်းတွင်းမှ ထွက်ခွာသွားတော့သည် ။

᪥Hwaa᪥ || Hiatus ||Where stories live. Discover now