Unicode
ဆွစ်စလန်ကပြန်ရောက်ပြီးနောက်ရက်မှာ ကျွန်တော်ကျောင်းပြန်တက်ခဲ့တယ်။ကျောင်းပြန်တက်တဲ့နေ့မှာ ဝမ့်ကိုပထမဆုံးအနေနဲ့ကျွန်တော်ေတွ့ချင်ခဲ့တယ်။ သို့ပင်မဲ့ ဝမ့်ကိုတွေ့ချင်နေတဲ့စိတ်ကို စာတွေပြန်ကူးရဦးမယ်ဆိုတဲ့စိတ်နဲ့ဖုံးအုပ်ထားလိုက်တယ်။
ကျွန်တော်ဝမ့်ကို လွမ်းမနေခဲ့ပါဘူး။ သတိရနေခဲ့ရုံပါပဲ။ လွမ်းဆွတ်ခြင်းရယ်သတိရခြင်းရယ်ဆိုတဲ့ ခံစားချက်နှစ်ခုဟာ တူမလိုလိုနဲ့အလွှာပါးပါးလေးတစ်ခုကကြားခံရှိတယ်။ အကြာကြီးမတွေ့ရပဲနေခဲ့ရတဲ့နေ့ရက်တွေအတွက်ဝမ့်ကိုကျွန်တော်တွေ့ချင်ခဲ့ပါတယ်။ စကားတွေမပြောကြရင်တောင်၊ တစ်ယောက်မျက်နှာတစ်ယောက်ထိုင်မကြည့်ရရင်တောင်ဘေးချင်းယှဉ်လျက်တော့ ထိုင်ပြီးနီးနီးကပ်ကပ်ရှိချင်ခဲ့တယ်။ ကျွန်တော့်အနားသူရှိတယ်ဆိုရုံလေးနဲ့ ကျွန်တော်ရောင့်ရဲနိုင်တယ်။ သို့ပင်မဲ့ ခံစားချက်အပြောင်းအလဲသိပ်မြန်တဲ့ဝမ့်ကို ကျွန်တော်ဒီထပ်ပိုပြီး သံယောဇဉ်လည်းမတွယ်ချင်တော့သလို၊ ဒီထပ်ပိုပြီးလည်းခံစားချက်တွေမရှိချင်တော့ဘူး။ မသိချင်ယောင်ဆောင်ရတာ၊ ခံစားချက်မရှိချင်ယောင်ဆောင်ရတာတွေကလည်း တကယ်ကိုပင်ပန်းရတယ်။
ပိတ်ရက်အပြင်သုံးရက်လောက်နောက်ကျပြီးမှကျောင်းတတ်တဲ့ကျွန်တော့်ကို ကျွန်တော်ကျောင်းပြန်စတတ်တဲ့နေ့မှာပဲ ကူးဟာစိုးရိမ်တကြီးနဲ့ ကျွန်တော့်အခန်းရဲ့ပြတင်းေပါက်ဆီရောက်လာတယ်။
ကူးဟာရှေ့ဦးစွာပဲ ကျွန်တော့်နှဖူးကိုစမ်းသပ်ခဲ့တယ်။ ကျွန်တော်မေးလိုက်တယ်။
"ဘာလဲ""နင်ထပ်ဖျားပြန်ပြီလား"
"မဖျားပါဘူး"
ကျွန်တော်ငြင်းလိုက်တဲ့အခါ ကူးဟာဆူပုပ်ပုပ်နဲ့ပြန်မေးတယ်။
"ဒါဆိုဘာလို့ကျောင်းပျက်တာလဲ"
YOU ARE READING
In the end ... ? (YiZhan)
Non-Fictionမသိတတ်ကြသေးတဲ့အချိန်မှာ ရရှိခဲ့ဖူးတဲ့ ချစ်ခြင်းတရားတစ်ခုသက်သက်ပါပဲ 🖤 YiZhan 11 Jun,2021 >>> ongoing Just a love diary 💛