Part 36

344 64 43
                                    

Unicode

လက်ရှိအချိန်ကို ထည့်မရေးတာအတော်ကြာပြီမို့ ဒီနေ့ရဲ့ကျွန်တော့်ခံစားချက်အကြောင်းကိုထည့်ရေးဖြစ်မယ်နဲ့တူတယ်။

ကျွန်တော်အခု ကျောင်းအပြန် လိုင်းကားပေါ်မှာ။ စိတ်အခြေအနေကို မလိမ်တမ်းဝန်ခံရရင် လိုင်းကားမစီးတတ်တဲ့ကောင်လေးကိုလွမ်းဆွတ်နေတယ်ဆိုရင် ပိုမှန်မယ်။ သူဌေးသားလေးက သိပ်ဆိုးတယ်။ သူလိုင်းကားမစီးတတ်ကြောင်းကိုထုတ်မပြောခဲ့ဖူးဘူး။

အဲ့နေ့က ကျောင်းဆင်းချိန်ရဲ့ လိုင်းကားပေါ်မှာ ... ဝမ်က သူ့ထက်ပုခုံးပိုကျဥ်းတဲ့ကျွန်တော့်ရဲ့ပုခုံးတွေကို ကြောက်အားလန့်အားနဲ့ဆုတ်ကိုင်ထားခဲ့တယ်။ ပထမတော့သတိမထားမိပေမဲ့ ကျွန်တော့်ပုခုံးထပ်က လက်ဖဝါးနှစ်ဖက်က အတော်လေးကိုအေးစက်လာကြောင်းကိုခဏကြာမှသတိထားမိတယ်။

ကျောင်းဆင်းချိန်ရဲ့လိုင်းကားပေါ်မှာ လူကသိပ်ကျပ်ပါတယ်။ ကျွန်တော့်နောက်ကသူဌေးသားလေးက တက္ကသိုလ်စတတ်တည်းကကိုယ်ပိုင်ကားနဲ့လာခဲ့ကြောင်းကို ကျွန်တော်အတော်ဆိုးဆိုးမေ့သွားခဲ့တာပဲ။ ကျွန်တော်ကကိစ္စမရှိပေမဲ့ ဝမ့်အခြေအနေကအတော်လေးကိုဆိုးရွားနေခဲ့ပါတယ်။

ကျောင်းသားတွေကပိုတိုးတယ်။ ဝမ်သည်လည်းကျွန်တော့်ပုခုံးကိုပိုညှစ်လာပါတယ်။ ကျွန်တော်သတိထားမိတဲ့အချိန်မှာ ဝမ့်အခြေအနေကိုတွေးကြည့်ပြီး သဘောတကျနဲ့ ကျွန်တော်ကြိတ်ရယ်မိခဲ့တယ်။ ကားထဲက ဆီကုန်မှာကိုတောင်မမှုဘဲ A/C ကို မိုင်ကုန်ဖွင့်ပြီးမောင်းတတ်တဲ့ဝမ်က လူငွေ့တွေနဲ့သိပ်ကျပ်နေခဲ့တဲ့လိုင်းကားပေါ်မှာ ဘယ်လောက်များစိတ်ပင်ပန်းပြီးကျဥ်းကျပ်နေလိုက်မလဲ။ လိုင်းကားပေါ်က A/C ဟာ ကိုယ်ပိုင်ကားပေါ်မှာဖွင့်ထားတဲ့ A/C နဲ့ သိပ်ကိုကွာခြားပါတယ်။ သာမန်ကျောင်းသားဖြစ်တဲ့ကျွန်တော်က တက္ကသိုလ်စတတ်တည်းကဒီလိုလိုင်းကားမျိုးကို မနက်တစ်ခေါက် ညနေတစ်ခေါက် စီးနေကြဖြစ်နေခဲ့တာကြောင့် သိပ်ကိုကျွမ်းကျင်နေခဲ့ပြီဖြစ်ပေမဲ့ ဝမ့်အတွက်ကပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်နဲ့တူပါရဲ့။ ဝမ့်ရဲ့ နေမတတ်နေပုံများက သိပ်ကိုချစ်စရာကောင်းခဲ့သလို သိပ်ပြီးလည်းသနားစရာကောင်းပါတယ်။

In the end ... ? (YiZhan)Where stories live. Discover now