Part 4

7.2K 640 19
                                    

Unicode

"ငါမပြန်ဘူး ပန်းချီဆရာနဲ့နေမှာ"

"မဖြစ်ဘူး Kim သူက ငါတို့အုပ်ထိန်းသူလည်း မဟုတ်ဘူး ငါတို့ကို သက်သက်မဲ့အပြစ်ပေးသွားတာ"

Finn ရဲ့အပြောကို ပြန်မပြောနိုင်ပေ။ ကျွန်တော် ထိုလူ့အရိပ်အောက်မှာ နေချင်သေးသည်။

တစ်ရက်တည်းနဲ့ သူတို့တစ်ဖွဲ့လုံး ပန်းချီဆရာရဲ့အကြောင်းကိုသိသွားကြရင်း အီစိမ့်သွားကြသည်။

3ယောက်လုံးက ကိုယ့်အိမ်ကိုပြန်ကြဖို့ အဆင်သင့်ဖြစ်နေကြပင်မဲ့ ကျွန်တော်သာ ပေတေပြီးနေ'နေတာ

Noah: ပြန်ရအောင် Kim

"ငါမပြန်ဘူး Noah ပြန်ချင်ရင် မင်းတို့သာပြန်"

ကျွန်တော့်ကို မနိုင်ဘူးဆိုတဲ့အကြည့်မျိုးတွေနှင့်

ကျွန်တော်ခေါင်းမာတာ သူတို့အသိမို့ကြောင့် နောက်ဆုံးလက်လျော့သွားကြတာ သူတို့သုံးယောက်ပင်..

ပြန်သွားကြတာ သူတို့သုံးယောက်...

"မလိုက်သွားဘူးလား"

"ပန်းချီဆရာက ကျွန်တော့်ကို မနေစေချင်တာလား"

"ဘယ်လိုဘဲဖြစ်ဖြစ်အချိန်တန်ရင် မင်းရဲ့မိဘအရိပ်ကို ပြန်နေရမှာလေ Kim Taehyung"

စကားနဲ့အနိုင်ယူသွားပြန်ပြီ။ ခပ်တည်တည်နှင့် ပန်းချီဆရာက သူ့အိမ်ထဲသူဝင်သွားလေသည်။ 

ဧည့်ခန်းအတွင်း၌ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့လေသည်။

ပန်းချီဆရာရဲ့အိမ်က အခုမှလူပြန်နေတာဖြစ်သည်မို့ကြောင့် ပစ္စည်းတွေက ညစ်ပြီးဟောင်းနွမ်းတာ များသည်။

"ပန်းချီဆရာ ကျွန်တော်နဲ့ဈေးဝယ်ထွက်ရအောင်"

"ဘာလိုလို့လည်း"

"ပန်းချီဆရာရဲ့အိမ်အတွက်လေ"

"အဲ့လိုမလိုဘူး Taehyung အဆင်ပြေနေသေးတယ်"

တစ်ခါလောက် ဘာလုပ်လုပ် မငြင်းဘဲမရလေဘူးလား မသိဘူး။ ကျွန်တော် ဘာလုပ်လုပ် ဘာပြောပြော ပန်းချီဆရာဆိုတာ ငြင်းရတာကြိုက်တယ်ထင်သည်။

You and I's destiny (Completed )Where stories live. Discover now