Part 15

6.4K 575 11
                                    

Unicode

ကပွဲအတွက် ပြင်ဆင်ကာ ထုံးစံအတိုင်း အဖြူရောင်

ပန်းချီဆရာကတော့ ကျောင်းသားတွေကြားထဲ မလိုက်တော့ဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ ငြင်းဆန်ခဲ့သည်။

မစီးတာကြာသည့် ကျွန်တော်ရဲ့ကားလေးနဲ့ ကျောင်းကပွဲသို့လာခဲ့သည်။

ရောင်စုံတွေကြားက ကျွန်တော့် အဖြူရောင်က ထင်းနေလျက်

အဖြူရောင်ကြိုက်ခြင်းထဲက အချက်တစ်ချက်ဘဲ...

ဘယ်အရောင်တွေကြားထဲဘဲရောက်ရောက် ဘယ်တော့မှ မမှေးမှိန်သွားဘူး။ 

"ဟေ့ Kim"

မစုံဖြစ်တာ ကြာပြီဖြစ်သည့် ကျွန်တော်တို့တစ်ဖွဲ့

Anna ကလှမ်းခေါ်သည်မို့ကြောင့် သူတို့နားသို့ သွားလိုက်သည်။

Finn ကပုခုံးပေါ် လက်လာတင်သည်။ 

အမြင်ကပ်ကပ်နှင့် သူ့လက်ကို ဖယ်ချလိုက်သည်။

"အငြိမ်နေစမ်း"

"ဒီနေ့လည်း အဖြူရောင်ဘဲ ကျန်တဲ့ကောင်လေးတွေက အမဲရောင်တွေကြီးကို"

ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော်ကလွဲရင် အကုန်လုံး အမဲဘဲဝတ်ထားကြသည်။

"မင်းအခုဝတ်ထားတာ ဘာအဖြူရောင်လည်း...ဝတ်နေကျ အရောင်နဲ့မတူပါဘူး"

အဖြူရောင်ကလည်း အမျိုးမျိုးရှိနေသေးပြန်တာ....

"ငန်းဖြူရောင်"

"အဲ့တာမို့ကြောင့် အရင်နဲ့မတူဘဲကြည့်ကောင်းနေတာ Kim"

Noah က အရက်ခွက်ကို လာပေးသည်။ ကျွန်တော်နဲ့သူစကားမပြောဖြစ်တာတောင် ကြာနေလေပြီ။

ကျွန်တော်က စိတ်ဆိုးရင်လည်း ခနမို့ကြောင့် ထင်ပါရဲ့။ အတိတ်ဆို တွေးမနေတတ်တာဘဲ

"မသောက်တော့ဘူး"

ကျန်တဲ့နှစ်ယောက်က အံ့ဩသလို လာကြည့်သည်။

"ဘာလဲ"

"ဖျားနေတာလား ဒီလောင်စာရေတောင် မသောက်တဲ့အထိ"

"ဒီလောင်စာရေကို မသောက်ချင်လို့"

ထိုအခါ Finn က

You and I's destiny (Completed )Onde histórias criam vida. Descubra agora