WTLE-[Part 14]

200 27 3
                                    

သူတို့နှစ်ယောက်စကားပြောနေချိန်မှာပဲ သူ့မှည့်နက်လေးက တံခါးလေးဆွဲလို့ဖွင့်လာပါသည်။

သေချာပါပြီ..သူ့ရည်ရွယ်ချက်တွေသေချာသွားပါပြီ။အဘယ်ကြောင့်ဆို.. သူဟွန်းကိုထပ်တွေ့ပြီလေ။ကံကြမ္မာက ဒီတစ်ခါတော့ကိုယ့်ဘက်ပါမယ့်ပုံပင်။

ဆောင်းဟွန်သည် တစ်ချက်အံ့သြသွားပါသည်။သူ့အိမ်သ်ို့ဧည့်သည်ရောက်နေသည့် ဧည့်သည်သည် ဂျယ်ယွန်း၏ ရင်းနှီးတဲ့အကိုဟု မိတ်ဆက်ပေးဖူးသူပင်။

"အာ..ဟွန်း အကို့ကို မှတ်မိသေးလား"

"မှတ်မိတာပေါ့ဗျာ..အကိုက မေမေနဲ့လဲရင်းနှီးတယ်လား"

"အင်း..ရင်းနှီးတာပေါ့"

မင်းနဲ့က အရင်းနှီးဆုံးပဲပေါ့ အချစ်ရယ်..။ ခုတော့ ဒါတွေဟာ မင်းမှတ်ဥာဏ်လေးထဲက မေ့ထုတ်ပစ်လိုက်တဲ့ အတိတ်သက်သက်ပါပဲ..။

"ဟယ်..သားဟွန်းပြန်ရောက်ပြီပေါ့..လာ..သားကိုပြောရဦးမယ်"

အန်တီ..အန်တီကတကယ်ပြောတော့မလို့လားလေ။ သူတစ်ချက်ရင်ခုန်သွားရသည်။ သူ့အားမည်သို့မည်ပုံမိတ်ဆက်ပေးမည်နည်း။

"သား ငယ်ငယ်က အတိတ်မေ့သွားဖူးတယ်ဆိုတာကို..သားမှတ်မိသေးလား..သား"

"ဟုတ်..ဟုတ်ကဲ့..သား မှတ်မိပါတယ် မေမေ ဒါနဲ့ဘာလို့"

"အင်း..သားအတိတ်မမေ့ခင်က ဒီက သားလေးဟီးဆွန်းနဲ့ ကစားဖော်ကစားဖက်တွေလေ..သားမယုံနိုင်
လောက်ပေမဲ့ သားက အမြဲတမ်း နှစ်ယောက်သား ညတူတူအိပ်ပြီဆို သားဆွန်းလေးကို ဖက်ဖက်အိပ်တာကွယ့်..သားတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတာ.."

ဆောင်းဟွန်း မေမေပြောသည်များကိုနားထောင်ပြီးသည်နှင့် ခန ခေါင်းထဲတစ်ချက် ရိပ်ခနဲ ဖြစ်သွားသည်။သူအသည်းအသန်စဥ်းစားသော်လည်း ဝေဝေ ဝါးဝါးပင်။

ဒါဆို..သူက ကိုယ့်ကိုဂျယ်ယွန်းနဲ့ တူတူတွေ့ကတည်းက မှတ်မိနေခဲ့တာလား..သူဘာလို့မပြောတာလဲ..။တကယ်ကြီးလား..။ တစ်ခနချင်းပင် ဆောင်းဟွန်းခေါင်းထဲ ကော်ရှင်မတ်လေးများတန်းစီလာလေသည်။

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now