WTLE- [Part 17]

463 33 0
                                    

နောက်တစ်နေ့တွင် ဆောင်းဟွန်း၏ cafeလေး၌ ဟီးဆွန်းညွှန်းသည့် သီချင်းလေးတွေ ​ပျံ့လွင့်လို့နေသည်။

ဆောင်းဟွန်း၏ cafeလေးမှာ ခေတ်မီသည့် အပြင်အဆင်လေးများဖြင့် ချစ်စရာလေးပင်။ အစိမ်း​ရောင် အပင်ငယ် လေးတွေလည်းရှိသည်။ စာအုပ်စင်လေးလဲရှိပါသေးသည်။ မျက်စိအေးရာဖြစ်သော ပြာနုရောင် နံရံ​​လေးတွင် အချစ်နှင့်ပက်သက်သောစာသားတိုတိုလေးတွေလဲ ကပ်ထားပါသည်။

romanticဆန်ဆန် လှပလွန်းနေသည်။ ဝန်ထမ်းများကလည်း များများစားစားမဟုတ်သလို အရမ်းကြီးလည်း မဆူညံပေ။ သင်သာ နားနားနေနေ  အေးအေးဆေးဆေး ကော်ဖီလေးသောက်ရင်း စာအုပ်လေးဖတ်လိုက် ဓာတ်လေးဖမ်းလိုက်လုပ်ရတာ နှစ်ခြိုက်သူဆိုရင် မဖြစ်မနေသွားသင့်သည့်ဆိုင်လေးပင်။

ဆိုင်လေးနာမည်ကတော့ Nostalgia ပဲဖြစ်သည်။

အကိုဟီဆွန်းနှင့် တူတူအလုပ်လာသည့်နေ့ရက်များတွင် အများဆုံးပြောဖြစ်သည်က သီချင်းများအကြောင်းပင်။ အီဟီဆွန်းသည် သီချင်းနားထောင်ရတာနှစ်သက်သူဖြစ်သလို သူသည်လည်း အကိုနှင့်တူတူပင်။ ထို့​ကြောင့် ပိုရင်းနှီးဖြစ်သွားမိသည်။

အကိုဟီဆွန်းသည် သီချင်းများကို နားထောင်ကြည့်ဖို့ တစ်နေ့အနည်းဆုံးတစ်ပုဒ်လောက်ပေးတတ်သည်။ အကိုနှင့်ကျွန်တော်သည် ဂီတတွင် အကြိုက်ချင်းလဲတူသည်မို့ အကိုပေးသော သီချင်းများအား ကျွန်တော်ကြိုက်မိပြီဆိုလျှင် ဆိုင်၌ ဖွင့်လေ့ရှိသည်။

--------------------နောက်တစ်နေ့----------------------

ဂျယ်ယွန်းသည် ဒီနေ့အလုပ်ပိတ်ရက်ရသောကြောင့် ဟွန်းဆီသွားမည့်လမ်းမ ပေါ်တွင်ဖြစ်သည်။ ဟွန်း၏ကဖေးဆိုင်သည် သူ၏တိုက်ခန်းမှ သွားမည်ဆိုလျှင် နာရီဝက်လောက်မောင်းရသည်။

ဒီနေ့တော့ ဂျယ်ယွန်းလည်း ဆောင်းဟွန်းဆီသွားတွေ့ဦးမည်ဟု တေးထားလိုက်မိသည်။ ထို့ကြောင့် ဟွန်း၏ ဆိုင်လေးအား သွားကာ စောလဲစောသေးသည်မို့ ထိုင်စောင့် နေလိုက်သည်။ ဝန်ထမ်းလေးတစ်​ယောက်ကတော့ ဟွန်းမလာသေးဘူးဟု လာအသိပေးပါသည်။

You've reached the end of published parts.

⏰ Last updated: Sep 03, 2022 ⏰

Add this story to your Library to get notified about new parts!

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now