ဟီဆွန်းသည် အလုပ်လျှောက်ရာတွင်ထင်ထားသည့်အတိုင်း အောင်မြင်ခဲ့ပါသည်။ Project Management ပိုင်းတွင် နေရာရပါသည်။ ရသည့် ရာထူးမှာအမြင့်ကြီးလဲမဟုတ် နိမ့်လွန်းသည်လည်းမဟုတ်ပေ ။ သူဝါသနာပါရာမို့ ဒီထက်ပိုကြိုးစားမည်ဟု တေးထားလိုက်သည်။
အမှန်တိုင်းဆိုရသော် ဖခင်ဖြစ်သူမှ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဆိုးလ် မြို့ပေါ်တွင်ဆောက်လုပ်နေပါသည်။ ဖေဖေသည် ဟီဆွန်းအား ထိုကုမ္ပဏီကိုဦးစီးခိုင်းမည်ဟုလည်း စကားထည့်ထားပါသေးသည်။ သို့သော် ထိုကုမ္ပဏီက ဆောက်လုပ်စဖြစ်နေသောကြောင့်လည်းကောင်း၊ အလုပ်ခွင် အတွေ့အကြုံရရှိလိုသောကြောင့်လည်းကောင်း အလုပ်ဝင်လျှောက်ခြင်းဖြစ်ပါသည်။
ယခုတွင်တော့ ဟီဆွန်းသည် သူအလုပ်ရပြီမို့ ပျော်သည်ထက် သူ့အသည်းအသက်
မှည့်နက်လေးနှင့် မနက်အလုပ်သွားချိန်တိုင်း၊ညနေအလုပ်ပြန်ချိန်တိုင်း အတူတူရှိရတော့မှာမို့ ပိုပျော်နေရပါသည်။ဟီဆွန်းသည် ဟွန်းနီး၏ ဖုန်းနံပါတ်လေးအား ရင်ခုန်စွာနှိပ်ရင်း တစ်ဒူဒူအသံလေးကား နားစွင့်နေလိုက်သည်။
"ဟယ်လို ဟွန်းနီး"
"အယ် အကိုဟီဆွန်းလား"
"အဟမ်း အသံကျက်မိသားပဲ..ဟုတ်တယ် အကိုရယ်ပါ အကိုအလုပ်ရကြောင်း လှမ်းပြောတာ ဟဲ"
"အိုး..ဂုဏ်ယူပါတယ် အကိုရေ..အဲ့တာဆို ကျွန်တော့်ကို အကိုအလုပ်ဆင်းရင်လာကြိုတော့မှာပေါ့နော်..ဘယ်နေ့လောက်ဖြစ်မလဲအကို"
"မနက်ဖြန်ပဲအကိုစဆင်းရမလားလို့"
"အာ ဟုတ်ပြီ ကျွန်တော်ပြင်ဆင်ထားပါ့မယ် ကျေးဇူးပါနော် အကို အားတော့နာတယ်ဗျာ"
"ဟွန်းနော်..အကိုက တကယ်ဘာဝန်မှမပိုလို့ပါဆို"
"ဟုတ်ပြီဗျာ ကဲကဲ ကောင်းသောညပါဗျာ ဒါပဲနော် အကို"
"အင်း အိမ်မက်ကောင်းကောင်းမက်ပါစေ..."
.....တီ......
ဖုန်းစခရင်မှ အလင်းတန်းလေးထွက်ပေါ်လာမှ ဆက်ပြောလိုက်သည့်စကားလေး..။
KAMU SEDANG MEMBACA
Where the love exists [HeeHoon/milkcarrot]
Fanfictionᴍʏ ғɪʀsᴛ ᴇᴠᴇʀ ʜᴇᴇʜᴏᴏɴ ᴏᴡɴ ᴄʀᴇᴀᴛɪᴏɴ✍︎ ➪ကိုယ် တိတ်တိတ်လေး Crush ခဲ့ရတဲ့ ကောင်ကလေးက ကိုယ့်ညီရဲ့ ကောင်လေးဖြစ်နေသောအခါ...♧︎︎︎ Start Date: May 16 2021 End Date : ? [The whole story is just an imagination]