အပိုင်း(၈၆)

337 29 0
                                    

အပိုင်း(၈၆)

ဇီယန်နှင့် ထိတွေ့ဆက်ဆံဖူးသည့်သူအများစုမှာ အထက်တန်းလွှာမှလူများဖြစ်ကြသည်။ သူတို့အားလုံးတွင် အိန္ဒြေရှိသည့်အမူအရာများရှိကြပြီး တည်ကြည်ဖြောင့်မတ်သည့် မျက်နှာထားအပြည့်ရှိကြသည်။

လီချန်းကဲ့သို့သောသူပင် ပါးစပ်ကထွက်သည့်စကားနှင့် စိတ်ထဲတွေးနေသည့်အရာကွဲပြားစေကာမူ အပြုအမူများနှင့် စကားပြောဆိုရာတွင် အများအားဖြင့် ယဉ်ကျေးကြပေသည်။

ကျန်းဟန်သည် သူမခန္ဓာကိုယ်အား ပြောင်ပြောင်တင်းတင်းအကဲခတ်ကာ ရင်ညွှန့်အားကြည့်ရှုရုံသာမက သူမ၏ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသည့် လည်ဆွဲကိုလည်း ပြောင်ပြောင်တင်းတင်း နမ်းရှိုက်နေသည်။

ဤအခိုက်အတန့်တွင် ဇီယန်သည် အင်တာနက်ပေါ်တွင် ရေပန်းစားနေသည့် စကားတစ်ခွန်းကို ရုတ်တရက်တွေးမိလိုက်သည်။ အတုအယောင်မဟုတ်သော်လည်း အလွန်ကြီးမားလှသည် ဟူ၏။

အဓိပ္ပာယ်ကား သင့်ကိုစနောက်ကျီစားသည့်သူသည် သူ၏မျက်နှာပေါ်ကအတိုင်း စိတ်ထဲမရှိသော်လည်း အပေါ်ယံတွင် ဖြောင့်မတ်သူများသည်တော့ သူတို့၏စိတ်ထဲတွင် ဘာတွေးနေလဲဆိုသည်အား မသိနိုင် ဟုပင်။

ယောက်ျားတစ်ယောက်၏ နှလုံးသားသည် သူ၏အစာအိမ်နှင့် ခြားနားသည်။ ပါးစပ်က ထုတ်မပြောပါက ထိုသူဘာတွေးနေသလဲဆိုသည်အား မည်သူသိမည်နည်း။

ကျန်းဟန်နှင့် လီချန်းကဲ့သိုပင်။ ကျန်းဟန်သည် ဇီယန်၏ခန္ဓာကိုယ်အား ပွင့်ပွင့်လင်းလင်း အကဲဖြတ်ကြည့်နေခဲ့သော်လည်း သူ၏စိတ်ထဲတွင် မကောင်းသည့်အတွေးများမရှိပေ။ လီချန်း၏မျက်နှာသည်တော့ တည်ကြည်ဖြောင့်မတ်ခြင်းအပြည့်ဖြင့် ရှိနေသော်လည်း သူ၏စိတ်ထဲတွင် ဇီယန်အား ဆာလောင်မွတ်သိပ်နေပေသည်။

"ရှင်တကယ် စန္ဒယားတီးတတ်တာလား?"
စန္ဒယားဆီသို့လှမ်းကြည့်ရင်း ဇီယန်၏မျက်လုံးများမှာ အနည်းငယ် လွင့်မျောသွားသည်။

ကျန်းဟန်သည် လည်ဆွဲကို တစ်ချက်နမ်းရှိုက်လိုက်ရာ ဇီယန်သည် ကျန်းဟန်၏မျက်လုံးများသို့ တည့်တည့်ကြည့်ရန် လန့်သွားခဲ့သည်။ သူသည် လှမ်းကြည့်နေပြီး ဘာပြောချင်နေသလဲဆိုသည်ကို ဇီယန် မသိပေ။ ထို့ကြောင့် စကားပြောရန် အခြားအကြောင်းအရာတစ်ခုကိုရှာပြီး စကားလမ်းလွှဲလိုက်ခြင်းဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now