အပိုင်း(၈၇)

342 33 0
                                    

အပိုင်း(၈၇)

ကျန်းဟန်မှာ အလွန်ဒေါသထွက်ခဲ့ပြီး ချောင်လောလောနှင့် လမ်းခွဲခဲ့သည်။ ထိုညတွင် သူ၏ညီအစ်ကိုများကိုခေါ်ကာ လင်းကျဲကို သွားရှာသည်။

သူသည် လင်းကျဲ၏ပြုံးဖြဲဖြဲမျက်နှာကို ပြင်းပြင်းထန်ထန်ပါးရိုက်ထည့်လိုက်ပြီး လက်တစ်ဖက်ကိုပင် ချိုးပစ်လိုက်သည်။ ထိုအချိန်က ကျန်းဟန်၏ဖခင် ကျန်းကွမ်းယုံသည် ထိန်းချုပ်နိုင်ခဲ့သော်လည်း သတင်းကောင်းမှာ ကြာရှည်ခံဘဲ တစ်လမပြည့်မီတွင် ကျန်းဟန်၏မိဘများမှာ ပျောက်ဆုံးသွားပြီး ဒုတိယဦးလေး ကျန်းနန်သည် မိသားစုခေါင်းဆောင်ဖြစ်လာသည်။ မကြာခင်တွင်ပင် လင်းကျဲသော ဦးဆောင်သောလူများက ပြဿနာရှာခဲ့ပြီး ကျန်းဟန်အား မိသားစုမှထုတ်ပယ်ရန်ဖြစ်ပေါ်စေခဲ့သည်။

ဒေါင်ဟူ၏လှည့်စားမှုကိုခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ ဘေကျင်း(ရှန်ဂျင်း) မှ ထွက်ခွာခဲ့ခြင်းမရှိပါ၊ သူသည် နောက်ပိုင်းတွင် ချောက်ကမ်းပါးမှ ခုန်ချခဲ့ခြင်းမရှိပါက ကျန်းဟန်သည် ကျင့်ကြံခြင်းလောကသို့ မတော်တဆဝင်ရောက်မိမည်မဟုတ်သလို၊ နာမည်ကျော် ဟန်ယန်အင်မော်တယ်ဧကရာဇ်လည်း ဖြစ်လာမည်မဟုတ်ချေ။

ချောင်လောလောပို့ထားသော မက်ဆေ့များကို ဖတ်ပြီးနောက် ကျန်းဟန်ပြုံးလိုက်မိသည်။

ယခုအချိန်တွင် ထိုသူများသည် ကျန်းဟန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိတော့ချေ။ သူတို့ သူ့အကြောင်းပြောနေကြလျှင်ပင် ကျန်းဟန်၏စိတ်ထဲတွင် မည်သို့မျှ ပြောင်းလဲမည်မဟုတ်ချေ။ ဤ ချောင်လောလောသည် အနည်းငယ်ဇွဲရှိရုံသာမက၊ ငါးနှစ်ကျော်ကြာအောင်ပင် မက်ဆေ့ပို့နေခဲ့ရုံသာမက၊ သူမ၏ရည်းစားနှင့် ဒချိနေသည့်တိုင်အောင်ပင် သူမမှလွဲ၍ အခြားမည်သူမျှ ကျန်းဟန်အား စိတ်ထဲ မရှိတော့ပေ။

ထိုမက်ဆေ့များကိုကြည့်ပြီးနောက် သူရုပ်ရှင်ကြည့်လိုက်ရသလို ခံစားရသည်။ ဘဝဆိုသည်မှာ ပြဇာတ်တစ်ပုဒ်လိုပင်။ အားလုံးသည် ကျရာနေရာမှာ သရုပ်ဆောင်နေကြပေသည်။

ကျန်းဟန် မေးလ်ဘောက်ကို တစ်ခါတည်းဖွင့်လိုက်ရာ အလွန်စိတ်ဝင်စားဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now