အပိုင်း(၈၈)

336 36 0
                                    

အပိုင်း(၈၈)

"သမီး အဲဒါကိုကြားတော့ မကျေနပ်ဘူး။ ဟွန့်...ဖေဖေ့ကို မေမေပဲ ချစ်လို့ရတယ်။ တခြားသူတွေက ဖေဖေ့ကို ချစ်လို့မရဘူး"
မုန့်မုန့်သည် ထပ်ပေါင်းကာ ပြောလိုက်သည်။

၎င်းကို ကြားသည့်အခါ ဇီယန်သည် ကျန်းဟန်အား ခဏလောက် စိုက်ကြည့်လိုက်ပြီး အန္တရာယ်ရှိသည့် အပြုံးတစ်ခုကို ထုတ်ဖော်ကာ ပြောလိုက်သည်။

"ကြည့်ရတာ ကျွန်မတို့ရဲ့သူဌေးက အရမ်းကောင်းတဲ့ ဆွဲဆောင်မှုရှိတာပဲ။ ဟောင်ကောင်ကို ရောက်တာ ရက်နည်းနည်းပဲရှိသေးတယ် သူ့ကို ချစ်တဲ့သူက ရှိနေပြီ"

ပါးစပ်ကပြောနေသော်လည်း ဇီယန်၏စိတ်ထဲတွင် မနေနိုင်ဘဲ အေးစက်စက်နှာခေါင်းရှုံလိုက်သည်။

သူ ဟောင်ကောင်မှာနေတာ ဘယ်‌လောက်ကြာသေးလို့လဲ?

ဒီမှာ အစ်မကြီးက ရှိနေပြီတဲ့လား?

မုန့်မုန့်သာ ဒီမှာမရှိရင် ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ?

လူရှုပ်က လူရှုပ်ပါပဲ။ ဟွန့် ခွေးမြီးကောက် ကျည်တောက်စွပ် အယုတ်တမာကောင်

ဇီယန်သည် စိတ်ထဲတွင် အနည်းငယ်ဒေါသထွက်နေပြီး တစ်ကြိမ်တည်းမှာပင် အနည်းငယ် သဝန်တိုသွားမိသည်။

သူမသည် သူမ၏လက်တွဲဖော်ကို ရှာဖွေရန်မစဉ်းစားဘဲ ကျန်းဟန်နှင့် ဆက်ဆံရေးတစ်ခု ထူထောင်ရန်ပင် စဉ်းစားခဲ့သေးသည်။ သို့သော် ဤအယုတ်တမာကောင်သည် သူမအလုပ်သွားလုပ်နေသည့် ရက်အနည်းငယ်အတွင်းမှာပင် တခြားသူများနှင့် ဆက်ဆံရေးကောင်းရှိနေလိမ့်မည်ဟု မည်သူကသိလိမ့်မည်နည်း။ သူသည် ရိုးရိုးရှင်းရှင်းပင် နှာဘူးကောင်ဖြစ်ပေသည်။

"မုန့်မုန့်ပြောနေတာ စားသောက်ဆိုင်က အဖွဲ့ဝင်တစ်ယောက်ပါ။ သူမက ဒီမှာ နေ့တိုင်းလာစားပြီး ငါနဲ့နည်းနည်းရင်းနီးလို့ တစ်ခါတစ်လေ စနောက်တာပါ"
ကျန်းဟန် ရယ်မောကာ ပြန်ပြောလိုက်သည်။

"အိုး"
ဇီယန်၏အမူအရာမှာ မပြောင်းလဲဘဲ
"သူမက အဖွဲ့ဝင်ကတ်တစ်ခုဝယ်ထားပြီးသားပဲ။ ရှင်တို့တစ်ယောက်နဲ့တစ်ယောက် သိတာ ရက်နည်းနည်းပဲရှိသေးတယ် ဒီလိုမျိုး စနောက်နေပြီပေါ့။ ကြည့်ရတာ သခင်လေးကျန်းရဲ့ဂုဏ်ကျက်သရေက လျော့မသွားသေးဘူထင်တယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now