အပိုင်း(၈၉)

334 34 2
                                    

အပိုင်း(၈၉)

မုန့်မုန့်သည် ဝက်ဝံလေးကို ပွေ့ဖက်ကာ ပျော်ရွှင်စွာဖြင့် လှည့်ပတ်ခုန်ပေါက်နေသည်။

သူမလေး၏ချစ်စဖွယ်အသွင်အပြင်က စားသောက်ဆိုင်ထဲရှိ လူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

စွန်းအမေနှင့် စွန်းဒုန်ဟမ်သည် ခေါင်းယမ်းကာ ရယ်မောလိုက်ကြသည်။ လျန်မုန့်ချီနှင့်ခြားသူများလည်း တိုးတိုးလေး ရယ်မောလိုက်ကြသည်။

လျန်မုန့်ချီသည် ကျန်းလီကို သံသယအပြည့်ဖြင့် ကြည့်နေခဲ့သည်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်က မုန့်မုန့်ရဲ့အမေလား? သူမက အရမ်းကြီး လှတဲ့ပုံလည်းမပေါ်ပါဘူး

လျန်မုန့်ချီ၏ခံစားချက်များမှာ ရောထွေးနေသည်။ မုန့်မုန့်၏မိခင်သည် အလွန်တရာလှပမည်ဟု သူမထင်ခဲ့သော်လည်း ယခုတော့ သူမနှင့်တန်းတူလောက်သာရှိသည့်ပုံရသည်။ သူမတို့နှစ်‌ယောက်လုံးမှာ မိန်းမလှလေးများဖြစ်ကြသော်လည်း သူမ၏စိတ်ထဲတွင် အနည်းငယ် စိတ်မပျက်ဘဲမနေနိုင်ချေ။ တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

အကယ်၍ မုန့်မုန့်၏မေမေသာ သူမထက်အလွန်တရာပို၍ လှပသည်ကို မြင်လိုက်ရပါက လျန်မုန့်ချီ မနာလိုပင်ဖြစ်ပြီး မျှော်လင့်ချက်မဲ့သွားမည်ဖြစ်သည်။

မုန့်မုန့်သည် လက်ဆောင်များကို အမှန်တကယ်နှစ်သက်သည်ကို တွေ့သည့်အခါ စွန်းမင် ပျော်ရွှင်စွာပြုံးလိုက်ပြီး ပြောလိုက်သည်။

"သမီးကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်။ နောက်တစ်ခါ ဦးလေးလာရင် မုန့်မုန့်အတွက် လက်ဆောင်ယူလာခဲ့ပေးဦးမယ်"

"အမ်...ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးလေး"
မုန့်မုန့်သည့် ဝမ်းသာအားရ ပြန်ပြောသည်။

မင်းသမီးလေး၏စိတ်ထဲတွင် သူမ ဖေဖေနှင့်အတူတူနေပြီးကတည်းက သူမကို လက်ဆောင်ပေးသည့်သူများ ပို၍များလာသည်ဟု ခံစားရသည်။

မုန့်မုန့်သည် ဝက်ဝံဖြူရုပ်လေးကို ပွေ့ချီကာ ဆိုဖာပေါ်တက်လိုက်ပြီး အရုပ်လေးဖြင့် ဆော့ကစားနေသည်။ သူမလေး၏ဘေးနားရှိ ကျန်းလီနှင့် ကျိုးဖေးတို့ ကိုပင် တစ်ချက်ကလေးမျှ ကြည့်ခွင့်မပေးပေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now