အပိုင်း(၉၀)

347 33 0
                                    

အပိုင်း(၉၀)

ကျောက်ဖုန်း လျင်မြန်စွာဖြင့်ပင် မီးဖိုချောင်ထဲသို့လျှောက်ဝင်သွားပြီး မီးဖိုကို ပိတ်လိုက်သည်။

ချာတိတ်လေးသည်တော့ စားပွဲဘေးတွင်ရပ်ရင်း ဘာလုပ်ရမှန်းမသိတော့ချေ။

"အဲဒီ...."

လျန်မုန့်ချီသည် ထမင်းသွားယူရန်သို့လျှောက်သွားစဉ် ဝမ်ချမ်း၏အနားမှ ဖြတ်သွားသည့်အခါ ခဏလောက် တုံ့ဆိုင်းသွားပြီးပြောလိုက်သည်။
"သူဌေးက သူ့သမီးကို အရမ်းစိတ်ပူတတ်တာ။ ပုံမှန်ဆိုရင် နမ်းဖို့နေနေသာသာ ကျွန်မတို့တောင် ပွေ့ဖက်ခွင့်မပေးဘူး။ ရှင်....ရှင်ရဲ့ကလေးကို ပြောထားတာပိုကောင်းမယ်ထင်တယ်"

"ဟုတ်ကဲ့ပါ"
ဝမ်ချမ်းခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ၏မြေးကို ထိုင်ခုံဆီပြန်ခေါ်သွားသည်။ ကောင်လေးကိုကြည့်လိုက်ပြီး
"ငါ့မြေး မင်းအသက်ကလေးနှစ်တောင်ရှိနေပြီ။ ယောက်ျားလေးနဲ့မိန်းကလေးတွေက အဲ့လိုမျိုးရင်းရင်းနီးနီးနေလို့မရဘူး။ ယောက်ျားနဲ့မိန်းမက ကွာခြားချက်ရှိတယ်။ နားလည်လား?"

"ဟုတ်ကဲ့ သိပါပြီ"
ချာတိတ်သည် ခဏလောက်စဉ်းစားလိုက်ပြီး သူကိုယ်သူမှန်တကယ်လို့ခံစားမိသောကြောင့် ခွန်းတုံ့ပြန်လိုက်သည်။
"ဒါပေမဲ့ မေမေက ကျွန်တော့်ကို အရမ်းသဘောကျလို့ နမ်းတယ်လေ။ ကျွန်တော်လည်း မုန့်မုန့်ကို သဘောကျလို့ နမ်းချင်တာ"

သူ့အတွက် ဤမျှလှပသော ကလေးမလေးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ြသည်။ သူ၏ပျော်ရွှင်မှုကို ဖော်ပြရန် သူမ၏ပါးကို နမ်းချင်ခဲ့သည်။ သို့သော် မုန့်မုန့်အဖေ၏ တုံ့ပြန်မှုက အလွန်ကြီးမားသည့်ပုံရသည်။

ထိုစကားကိုကြားသည့်အခါ ဝူလီယင်းသည် ညင်သာစွာပြုံးလိုက်ပြီး မြေးဖြစ်သူ၏ခေါင်းကို ပုတ်ကာ ထမင်းယူရန် ထရပ်လိုက်သည်။

ဝမ်ချမ်းသည်တော့ သူ၏မျက်နှာတွင် အကူအညီမဲ့သည့် အရိပ်အယောင်များပေါ်လာပြီး
"မင်း သ‌ဘောကျရင်တောင် နမ်းလို့မရဘူး။ အဲဒါက ရိုင်းဆိုင်းတာပဲ။ နောင်ကျရင် မင်းရဲ့မိသားစုဝင်တွေကလွဲပြီး တခြားသူတွေကို နမ်းလို့မရဘူးဆိုတာကို မှတ်ထားပါ။ တခြားသူက မင်းကို သဘောကျရင်တောင် သူတို့ကို နမ်းတာကိုတော့ မကြိုက်ဘူး"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now