အပိုင်း(၉၁)

337 31 0
                                    

အပိုင်း(၉၁)

"အော်ဟုတ်သားပဲ မင်းက သူဌေးရဲ့ညီမမဟုတ်လား?"
ကျောက်ဖုန်းသည် စားပွဲကိုသုတ်နေရင်း ကျန်းလီဘက်သို့လှည့်ကာ ပြုံး၍မေးလိုက်သည်။

"ကျွန်မအစ်ကိုမျိုးရိုးနာမည်က ကျန်း၊ ကျွန်မမျိုးရိုးနာမည်ကလည်း ကျန်း ပဲ။ ရှင်ဘယ်လိုထင်လဲ?"
ကျန်းလီပြန်ပြော၏။

"မင်းတို့ရဲ့ဇာတိက ဘယ်ကလဲ?"
ကျောက်ဖုန်းသည် ကျန်းဟန်၏အကြောင်းကို အမြဲသိချင်နေခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့အား ဘယ်တုန်းကမှ မမေးဖြစ်ခဲ့ပေ။ အကြောင်းမှာ သူဌေးသည် လူများနှင့်စကားပြောသည်မှာ ရှားပါးသည်ဟု ခံစားရပြီး သူအား ဂရုစိုက်သည့်ပုံလည်း မပေါ်သည့်အတွက်ကြောင့်ဖြစ်သည်။ သူ၏ရှေ့ရှိ ကျန်းဟန်၏ညီမဖြစ်သူ ဤအလှလေးမှာ ကျန်းဟန်၏အကြောင်း အများအပြားကို ပြောပြနိုင်လိမ့်မည်ဖြစ်သောကြောင့် ကျောက်ဖုန်းမေးလိုက်ခြင်းဖြစ်သည်။

"ပေကျင်း"
ကျန်းလီ ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေသည်။

"ပေကျင်းလား? ပြည်မကြီးမှာ အရှုပ်ထွေးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့မြို့တော်ပေါ့"
ကျောက်ဖုန်း အနည်းငယ် ပြုံးလိုက်ပြီး ဆက်ပြောသည်။
"ဒါဆို သူဌေးက ပေကျင်းမှာ သေချာပေါက် အင်အားကြီးမားရမယ်။ ဟုတ်တယ်မလား?"

ထိုစကားကို ကြားသည့်အခါ ကျန်းလီသည် ကျောက်ဖုန်းကို ခေါင်းစခြေဆုံး အကဲခတ်လိုက်ပြီး ဘာမှပြန်မပြောချေ။

သူမ ဘာမှမပြောသော်လည်း တစ်စုံတစ်ယောက်ကတော့ ဝင်ပြောလိုက်သည်။ စားပွဲတွင်ထိုင်နေသည့် ကျိုးဖေးသည် ခေါင်းမော့မကြည့်ဘဲ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဟဲ့ သူက အင်အားကြီးရုံတင်ဘယ်ကမလဲ။ ကောင်လေး ကျွန်မပြောပြမယ် ကျွန်မရဲ့ ခဲအိုက အရင်တုန်းက ပေကျင်းရဲ့ သခင်လေး ၄ ယောက်ထဲက တစ်ယောက်ပဲ။ သူက ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးဖြစ်ပြီးတော့ သူရဲ့ကိုယ်ပိုင်လက္ခဏာကို ဖော်ပြဖို့ မလုံလောက်သေးဘူး။ သူက သခင်လေးလေးယောက်ထဲမှာ နောက်ဆုံး လေးယောက်မြောက်သခင်လေးဖြစ်ပေမဲ့ တခြားသခင်လေးသုံးယောက်က သူ့ကို ရန်မစရဲဘူး။ ဘာလို့လဲဆိုတော့ သွားစရင် သူတို့က သေချာပေါက် အရိုက်ခံရမှာမလို့ပဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now