အပိုင်း(၉၃)

347 32 1
                                    

အပိုင်း(၉၃)

"အဲ့ဒါ တကယ်ဖြစ်နိုင်ပါ့မလား?"
ဇီယန် တုံ့ဆိုင်းစွာပြောသည်။ နောက်ဆုံးတစ်ခေါက်တုန်းက ကျန်းဟန် ဤစကားပြောခဲ့သည့်အချိန်က ရှောင်ဟေး၏အမွှေးများမှာ အများနှင့်ခြားနားနေသောကြောင့် သူမ ဘာမှမပြောတော့ချေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ အကောင်သုံးဆယ်ကျော်နီးပါးရှိပြီး နည်းနည်းတော့ လွန်လွန်းသည့်ပုံရသည်။

"ငါဘာလို့ မင်းကို လိမ်ရမှာလဲ?"
ကျန်းဟန် ရယ်ရခက် ငိုရခက်ဖြင့် ဇီယန်ကို ကြည့်ကာ
"ငါမင်းကို မလိမ်ပါဘူး။ တကယ်လို့ မင်းစိတ်ပူနေတယ်ဆိုရင် ခွေးလေးတွေကို သွားကိုင်ကြည့်လိုက်ပါလား"

"ဟွန့်"
ဇီယန်သည် ကျန်းဟန်အား မျက်စောင်းထိုးလိုက်ပြီး
"ရှင့်က လူတွေကိုလှည့်စားတဲ့နေရာမှာ အရမ်းတော်တာကို၊ ရှင်အမှန်ပြောလား လိမ်ပြောလားဆိုတာ ဘယ်သူကသိမှာလဲ?"

ထိုသို့ဖြင့် ဇီယန်သည် မုန့်မုန့်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားပြီး မိန်းကလေးနှစ်ဘောက်သည် ခွေးကလေးများနှင့် အချင်းချင်းပြေးလွှား ခုန်ကစားနေကြပါတော့သည်။

ကျန်းဟန်သည် ဘေးမှရပ်နေကာ သူတို့နောက်သို့လိုက်ပါစီးမျောနေသည်။ ဤအခိုက်အတန့်တွင် မြက်ခင်းပြင်တွင် ဆော့ကစားနေကြသည့် သားအမိကို ကြည့်ရင်း သူ၏နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။

"ကျန်းဟန် ကျွန်မကို အိတ်ပေး"
ခဏလောက် ကစားခဲ့ပြီးနောက် ဇီယန်သည် ခေါင်းလှည့်ကာ ကျန်းဟန်ထံသို့ လက်ဆန့်လိုက်ရင်း ပြောလိုက်သည်။

ကျန်းဟန်သည် အိတ်ကို ကမ်းပေးလိုက်ပြီး ဇီယန်သည် အိတ်ထဲမှ နှစ်မီတာအချင်းရှိသော ကူရှင်အဝိုင်းတစ်ခုကို ထုတ်၍ မြက်ခင်းပြင်ပေါ်တွင် ခင်းလိုက်ရင်း မုန့်မုန့်ဆီသို့ လက်ဝှေ့ယမ်းကာ
"မုန့်မုန့်ရေ လာ ဒီမှာခဏလာနားလှည့်ဦး" ဟု အော်လိုက်သည်။

"ဟမ်...ဟာ မုန့်မုန့် မမောပါဘူး"
မုန့်မုန့်၏မျက်နှာမှာ ချွေးသီးများက ဖုံးလွှမ်းနေသည်။ မင်းသမီးလေးသည် စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် ရှောင်ဟေးကို စီးကာ အလုပ်များနေသဖြင့် ဇီယန်ကို ခေါင်းလှည့်မကြည့်ဘဲ ဖြေလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now