အပိုင်း(၉၄)

343 32 0
                                    

အပိုင်း(၉၄)

မြေအောက်ရေကန်တွင်တော့ သန့်စင်သောယန်စွမ်းအင်မှာ ၃ လီတာခန့်သာ ကျန်ရှိတော့သည်။ ကျန်းဟန်၏ စိတ်စွမ်းအင်အောက်တွင် ယန်မိုးကြိုးသစ်ပင်သည် သန့်စင်သောယန်ရေများအားလုံးကို ထိန်းချုပ်ထားသည်။ သစ်မြစ်များမှတစ်ဆင့် ပင်စည်ထဲသို့ ရေများကို စုပ်ယူလိုက်ပြီး သလင်းကျောက်စွမ်းအင်ကို ယန်မိုးကြိုးသစ်ပင်မှ စုပ်ယူလိုက်သည်။

ခဏအကြာတွင် မြေအောက်ရေကန်အတွင်းသို့ ယန်မိုးကြိုးသစ်ပင် အမြစ်များမှ သန့်စင်သောယန်ရေများ စီးဆင်းလာသည်။

တစ်လီတာ၊ နှစ်လီတာ၊ သုံးလီတာ။

ငါးစက္ကန့်အတွင်းမှာပင် သန့်စင်သောယန်ရေပမာဏသည် သုံးလီတာသို့ ရောက်ရှိသွားပြီး ၎င်းစုပ်ယူလိုက်သည့်ပမာဏနှင့်တူညီသွားသည်။ သို့သော်လည်း သန့်စင်သောယန်ရေများမှာ အမြစ်များမှတဆင့် ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။

လေးလီတာ၊ ငါးလီတာ၊....၊တစ်ဆယ်လီတာ၊....နှစ်ဆယ်လီတာ၊......။

သုံးဆယ်လီတာအထိရောက်ရှိသွားမှ လုံးဝ ရပ်တန့်သွားသည်။

သုံးဆယ်လီတာ။

သန့်စင်သောယန်ရေပမာဏသည် နောက်ဆုံးတော့ နည်းနည်းလောက်တိုးလာခဲ့ပြီဖြစ်သည်။

"နောက်ဆုံးတော့ ငါနည်းနည်းလောက် ပိုလုပ်နိုင်ခဲ့ပြီ"

ကျန်းဟန် ပြုံး၍ ခေါင်းယမ်းလိုက်ပြီး ယန်မိုးကြိုးသစ်ပင်ပေါ်သို့ လက်တင်တာ ရေ ဆယ်လီတာခန့်ကို စုပ်ယူလိုက်ပြီး စွမ်းအင်လှိုင်းများအဖြစ် ပြိုကွဲသွားစေရန် လမ်းညွှန်လိုက်ပြီး ယန်မိုးကြိုးသစ်ပင် အမြစ်များမှတစ်ဆင့် နယ်မြေ၏မြေဆီလွှာနှင့် ရေများအတွင်းသို့ အာဟာရဖြည့်ရန် ဖြန့်ဝေလိုက်သည်။

ထိုအချိန်တွင် အိုစီသလင်းကျောက်၏စွမ်းအင်များမှာလည်း အဆုံးသတ်သွားမည်ဖြစ်သည်။

ကျန်းဟန် လက်ကို ပြန်ရုတ်လိုက်သည်နှင့် အိမ်မွေးတိရိစ္ဆာန်ဧရိယာတွင် လမ်းလျှောက်နေသော ရှောင်ဟေးသည် ရုတ်တရက် နားရွက်ထောင်လာပြီး ချက်ချင်းပင် ပြုံးဖြဲဖြဲ အမူအအရာဖြင့် နောက်မှလိုက်လာသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now