အပိုင်း(၉၆)

329 30 0
                                    

အပိုင်း(၉၆)

"အာ..."

ဇီယန်၏မျက်လုံးလှလှလေးများကိုမှိတုတ်မှိတ်တုတ်နှင့် နီရဲနေသောနှင်းဆီဖူးမျက်နှာလေးကို တွေ့လိုက်ရသည်အခါ ကျန်းဟန်၏နှလုံးသားမှာ အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။

"ဖေဖေ ဘာကြည့်နေတာလဲ?"

မုန့်မုန့်သည် ဇီယန်၏လေသံကို တုပကာ မျက်လုံးကြီးများဖြင့် စိုက်ကြည့်ရင်း သူမ၏မေမေပြောသည့်အတိုင်း နှုတ်ခမ်းလေးကိုဆူကာ ပြောလိုက်သည့် သူမလေး၏အသွင်အပြင်မှာ အစွမ်းကုန်ချစ်စရာကောင်းနေတော့သည်။

၎င်းကိုမြင်သည့်အခါ ကျန်းဟန် ခေါင်းယမ်းကာ ရယ်လိုက်သည်။ သူသည် ဇီယန်ကိုကြည့်လိုက်ပြီး " အရင်ပြန်ကြရအောင်။ မင်းရဲ့အဝတ်အစားတွေအကုန်စိုသွားပြီ။ မင်း အဆင်မပြေဖြစ်နေမယ်"

"အွန်း" ဇီယန် ညင်သာစွာ သူမ၏နဖူးကို ပုတ်လိုက်သည်။

အဝတ်အစားများ စိုနေသည့်အတွက် မဆင်မပြေဖြစ်နေသည်သာမက ကျန်းဟန် သူမကို ကြည့်နေသည့်ပုံမှာလည်း စိတ်မသက်မသာခံစားရစေသည်။

'ဟွန်း ဒီအကောင်က ငါ့ကို မုန့်မုန့်ရဲ့အမေဖြစ်နေလို့ အမြဲတမ်း အနိုင်ကျင့်နေတာပဲ'

ဇီယန် စိတ်ထဲတွင် လျှို့ဝှက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူမ၏မျက်နှာတွင်တော့ ဘာမှ ဖော်ပြခြင်းမရှိချေ။

၎င်းမှာ သူမသည် ကျန်းဟန်အား အပြင်လူတစ်ယောက်အဖြစ် မဆက်ဆံကြောင်း ပြောရန် လုံလောက်ပေသည်။ မဟုတ်ပါက ထိုကဲ့သို့သောအမူအရာများကို ထားဦးတော့ ဇီယန်၏ပြုံးနေသည့်မျက်နှာကိုပင် ကျန်းဟန် မြင်နိုင်မည်မဟုတ်။

ဇီယန် ထရပ်လိုက်ပြီးနောက် ကျန်းဟန်သည် ပါရာဆိုထီးနှင့် ကူရှင်ကို သိမ်းလိုက်သည်။

ထိုအချိန်တွင် မုန့်မုန့်သည် သူမ၏လေယာဉ်ပျံကို သတိရသွားသည်။ သူမလေးသည် အနည်းငယ် စိုးရိမ်စွာဖြင့် "အိုက်ယား ဖေဖေ လေယာဉ်ပျက်ကျသွားပြီး၊ သမီးတို့ လေယာဉ်ကို သွားကယ်ကြမယ်"

"အိုကေ"
ကျန်းဟန် ပြန်မြောလိုက်ပြီး လေယာဉ်ဆီသို့ သွားရန် ပြင်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now