အပိုင်း(၉၇)

328 29 0
                                    

အပိုင်း(၉၇)

ကံကောင်းစွာဖြင့်ပင် စားသောက်ဆိုင်၏ အပေါ်ထပ်တွင်‌ရော အောက်ထပ်တွင်ပါ ရေချိုးခန်း သန့်စင်ခန်း ရှိပေသည်။

ကျိုးဖေးသည် အပေါ်ထပ်သို့ ပြေးသွားပြီး ကျောက်ဖုန်းသည် အောက်ထပ် သန့်စင်ခန်းသို့ ပြေးသွားသည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် နှစ်ယောက်လုံး အားအင်ပြည့်ဝနေသည့် မျက်နှာများဖြင့် ထွက်လာကြသည်။

"အစ်မယန် တစ်ချက်လောက်ကြည့်ပါဦး။ ငါ့ရဲ့အသားရဲ့က ချောမွေ့မလားဘူးလား? ဟားဟားဟား" ကျိုးဖေးသည် အလွန်ပျော်ရွှင်နေပြီး ပါးစပ်ပင် မစိနိုင်တော့ချေ။ ပြေးထွက်လာပြီးနောက် သူမ၏မျက်နှာကို ဇီယန်၏ဘေးသို့ အတင်းတိုးကပ်သွားပြီး သူမ မြင်အောင် ပြနေသည်။

ဇီယန် စကားပြောသည်ကို မစောင့်တော့ပဲ ကျိုးဖေးသည် သူမ၏ခေါင်းကို နောက်တစ်ကြိမ်ရွေ့လျားလိုက်ပြီး မုန့်မုန့်၏ဘေးသို့ တိုးကပ်သွားကာ ပြောလိုက်သည်။
"လာပါဦး မုန့်မုန့်၊ အန်တီဖေးဖေးရဲ့အသားအရေက အရမ်းကောင်းလာတယ်မလား ဟမ်?"

"အမ်? ဘာကြီးလဲ?" မုန့်မုန့်သည် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"အန်တီကို တစ်ခါလောက် နမ်းပါဦး" ကျိုးဖေးသည် လက်ညှိုးဖြင့် ပါးကို ထောက်ကာ ပြောသည်။

"အမ် ဟမ့် ဖေဖေက အဲ့လိုမလုပ်ခိုင်းဘူး"
မုန့်မုန့်သည် သူမ၏အရှက်မရှိမှုကို ငြင်းပယ်လိုက်သည်။ သူမလေး၏လက်ကလေးကို ဆန့်ထုတ်ကာ ကျိုးဖေး၏ဦးခေါင်းကို နောက်သို့ ပြန်တွန်းဖယ်လိုက်သည်။

မင်းသမီးလေးသည် အခြားသူများအား မနမ်းရဘူးဆိုသည်ကို သိပေသည်။ ထို့အပြင် အခြားသူများအား သူမကို နမ်းခွင့်မပြုရသည်ကိုလည်း သိရှိသွားပြီဖြစ်သည်။ မဟုတ်ပါက ဖေဖေ စိတ်ဆိုးလိမ့်ပေမည်။

"ဟွန့်! မနမ်းချင်လည်း မနမ်းနဲ့ပေါ့" ကျိုးဖေးသည် နှာခေါင်းရှုံ့လိုက်သော်လည်း စိတ်ထဲမထားပေ။ နတ်သမီးလေးလိုလှပသွားစေသည့်ရေဖြင့် သူမ၏အသားအရေမှာ ပို၍ကောင်းမွန်လာလိမ့်မည်ဖြစ်ပြီး သူမ အလွန်ပျော်ရွှင်နေလေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now