အပိုင်း(၉၉)

339 31 0
                                    

အပိုင်း(၉၉)

အခြားတစ်ဖက်တွင် မုန့်မုန့်သည် သူမလေး၏လက်ကလေးကိုမြှောက်ကာ ပြောလိုက်သည်။
"မုန့်မုန့်လည်း ဟော့ပေါ့ကြိုက်တယ်။ ခေါက်ဆွဲစားရတာလည်း ကြိုက်တယ်"

"မုန့်မုန့်ကလည်း ခေါက်ဆွဲကြိုက်တာလား?" ကျန်းဟန်၏တုံ့ပြန်မှုမှာ စောစောကထက် ပို၍ အားသန်လာသည်။ သူသည် မုန့်မုန့်အားကြည့်ကာ မဆိုင်းမတွပင် ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ငါတို့ နေ့လည်စာကို ခေါက်ဆွဲစားကြမယ်"

ထိုစကားများက ဇီယန်ကို အနည်းငယ် မနာလိုဖြစ်သွားစေခဲ့သည်ကို သူ နည်းနည်းလေးမှ မသိခဲ့ချေ။

ဘာလို့ သူအဲ့လိုနေနိုင်ရတာလဲ? ဘာလို့ ငါ့ကိုကျလုံးဝမမေးတာလဲ? အိမ်ရှင်မကို လစ်လျူရှုတာလား?

ဇီယန်၏စိတ်အခြေအနေမှာ ချက်ချင်းပင် အောက်ခြေထိ ကျဆင်းသွားသည်။ မနာလိုဖြစ်နေရသလို သူမ အနည်းငယ် မပျော်မရွှင်လည်းဖြစ်နေသည်။

ဒီအကောင်ကတော့ ငါ့ကို အဲ့လိုလေး မေးဖို့တောင် သတိမရဘူးလား? ဝတ္တရားအရ တုံ့ပြန်မှုလေးတောင် မလုပ်ဘူးလား?

ဟွန့် နောင်ကျရင် သူ့ကို လစ်လျူရှုထားမယ်! သူက ငါ့ကို ဒီလိုမျိုး လာစမ်းချင်တယ်ပေါ့။ စောင့်ကြည့်စမ်းပါ။ ခေါင်းမာတဲ့အကောင်!

ဇီယန်သည် ကျန်းဟန်အား လူသတ်ချင်စိတ်များဖြင့် ကြည့်နေသော်လည်း ကျန်းဟန်သည်တော့ ဘာတွေဖြစ်နေသလဲမသိချေ။ ထိုအစား မုန့်မုန့်ကို ကြည့်ကာ သူ့ကိုယ်သူပင် ရေရွတ်လိုက်သည်။

"ဒါဆို မုန့်မုန့်က ဘာခေါက်ဆွဲစားချင်လဲ? ပေါင်းထားတဲ့ခေါက်ဆွဲလား? လက်လုပ်ခေါက်ဆွဲလား? ဝမ်တန်လား? ဒါမှမဟုတ် တခြား တစ်ခုခုလား?"

ခေါက်ဆွဲအမျိုးအစားများစွာရှိပေသည်။ ကျန်းဟန် ဘာလုပ်ရမှန်းမသိတော့ချေ။ ထို့ပြင် အဓိကပြဿနာမှာ ပါဝင်ပစ္စည်းအများအပြားမရှိ၍ ကန့်သတ်ချက်အလွန်များပေသည်။

ဥပမာအားဖြင့် ပေါက်စီ၊ ဖက်ထုပ်၊ အမဲသားပေါက်စီ၊ ဝက်သားပေါက်စီနှင့် အခြား အသားပေါက်စီများပင်။ ၎င်းတို့အတွက် ကြက်ဥနှင့်သခွားအစာသွပ်၊ ကြက်ဥနှင့်ကြက်သွန်မြိတ်အစာသွပ် အစရှိသဖြင့် ရှိသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now