အပိုင်း(၁၀၀)

362 29 0
                                    

အပိုင်း(၁၀၀)

"အဆာပြေ အစားအသောက်လား? အရမ်းကောင်းတယ်" လျန်မုန့်ချီ ဝမ်းသာအားရပြောလိုက်သည်။ သူမ ထိုအစားသောက်များကို အလွန်ကြိုက်ပေသည်။

ကျန်းဟန်သည် ထိုဟင်းပွဲနှစ်မျိုးကို အထူးပြင်ဆင်ထားသည်။ အဘယ့်ကြောင့်ဆိုသော် နေ့လည်စာကို သူတို့ ခေါက်ဆွဲစားချင်ကြသောကြောင့်ဖြစ်သည်။ အအေးဟင်းပွဲဖြင့် ဆိုလျှင် လုံးဝ ပြည့်စုံသည့် အစပ်အဟပ်ပင်ဖြစ်သည်။

အာလူးချောင်းသည် ကျဲကျန်းပြည်နယ်တွင် ရှိ နာမည်ကြီး အစားအသောက်တစ်မျိုးဖြစ်သည်။

လုပ်ပုံလုပ်နည်းမှာ ရိုးရှင်းပေသည်။ အာလူးများကို အမျှင်အချောင်းလေးများ ဖြတ်လိုက်ပြီး သံချေးရောင်မဲသွားခြင်းမှ ကာကွယ်ရန် ရေသန့်သန့်ထဲတွင် ထည့်ထားလိုက်သည်။ အာလူးကို ရေသန့်သန့်ဖြင့် ပြုတ်ပြီး ငရုတ်သီးစိမ်းနှင့် အမှည့်အနည်းငယ်ကို ပါးပါးလီးကာ အာလူးချောင်းများကို အပိုင်းခွဲလိုက်သည်။ ရေအေးဖြင့် အအေးခံပြီး ငရုတ်သီးစိမ်းနှင့် အမှည့်တို့ကို ထည့်လိုက်သည်။ ငရုတ်ကောင်း၊ ငရုတ်ဆီ တစ်ဇွန်း၊ ဆားအနည်းငယ်၊ ဟင်းချို့မှုန့်အနည်းငယ်၊ နှမ်းဆီအနည်းငယ်၊ ရှာလကာရည်အနည်းငယ်တို့ထည့်ကာ စိတ်တိုင်းကျ မွှေလိုက်သည်။

လုပ်ပုံလုပ်နည်းမှာ သာမန်သာဖြစ်သော်လည်း ဤဆိုင်ထဲဝွင် ဟင်းခတ်အမွှေးအကြိုင်တို့၏ဘုရင် ကောင်းကင်သစ်မွှေးရှိပေသည်။ ဘယ်လိုဟင်းပဲဖြစ်ပါစေ ပြဿနာမရှိ ကောင်းကင်သစ်‌မွှေးလေးဖြူလိုက်ပါက မွှေးရနံနှင့်တင် ဆွေမျိုးမေ့သွားစေမည်။

အခြားတစ်မျိုးမှာ သခွားသီးပင်ဖြစ်သည်။ ၎င်းမှာ အလွန်ပုံမှန်ကျသည့် အိမ်တွင်းဟင်းလျာသာဖြစ်ပြီး ချက်နည်းမှာ ပို၍ ရိုးရှင်းသည်။

အဓိက ပါဝင်ပစ္စည်းမှာ သခွားသီးဖြစ်ပြီး အမွှေးအကြိုင်အမျိုးမျိုးဖြင့် ပြုလုပ်နိုင်သည်။

အေးမြလန်းဆန်းပြီး နွေရာသီအတွက်အလွန်သင့်တော်သည်။ သခွားသီးသည် အအေးစာဖြစ်ပြီး နွေရာသီတွင်စားသုံးပါက ခန္ဓာကိုယ်ကို အပူဓာတ်ကင်းစေပြီး အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်သည်။ ၎င်းမှာ အလှအပအတွက်သည်း သက်ရောက်မှုရှိသည်။ ထို့ပြင် နွေရာသီတွင် သခွားသီးကို အရသာခံစားသုံးပေးပါက အစာချေလုပ်ငန်းစဉ်ကို အ‌ထောက်အကူဖြစ်စေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now