အပိုင်း(၁၀၈)

309 27 0
                                    

အပိုင်း(၁၀၈) ဒီမှာနေရမှာလား?

ယောက္ခမဖြစ်သူနှင့် သွားတွေ့တော့မည့် ချွေးမလောင်းလိုလို၊ ဒုတိယထပ်တွင် မကောင်းဆိုးရွားသားရဲကြီးရှိနေသလိုလိုပင်။

လျန်မုန့်ချီ၏နှလုံးခုန်သံများမှာ မသိလိုက်စွာပင် မြန်လာသည်။ အပေါ်ထပ်တွင် ရယ်မောသံများ၊ ကျိုးဖေးနှင့် ကျန်းလီ၏အသံအပြင် ပြတ်တောင်းပြတ်တောင်းနှင့် အမျိုးသမီးအသံကိုလည်း သူမကြားလိုက်ရသည်။

မုန့်မုန့်၏အမေကို သူမ တွေ့ရမည့်အချိန်ပင်။

လျန်မုန့်ချီ ရေရွတ်လိုက်သည်။

သို့သော် လမ်းတစ်ဝက်မှာပင် ဒုတိယထပ်မှ ဆင်းလာသော ပုံရိပ်တစ်ခုကို ရုတ်တရက်မြင်လိုက်ရ၏။

လျန်မုန့်ချီ တည်ငြိမ်သွားပြီး ထိုလူအား တစ်ချက်ကြည့်လိုက်သည်။

ရုတ်တရက် ပါးစပ်မှ လွှတ်ခနဲအလိုလို ထွက်သွားမိသည်။
"သူဌေး ရှင် ဒီမှာ ဘာလုပ်နေတာလဲ?"

"ဟမ်?"

ကျန်းဟန် ကြောင်သွားသည်။ သူ ဒီမှာဘာလုပ်နေတာလဲ ဆိုတာ သူမ ဘာကို ပြောချင်တာလဲ?

"ငါ နွားနို့ခွက်ယူမလို့ ‌အောက်ထပ်ဆင်းလာတာ"
ကျန်းဟန် ရယ်ကာ ပြန်ပြောသည်။

"အွန်း"
လျန်မုန့်ချီ ခေါင်းညိတ်ကာ
"ဟုတ်ပါပြီ။ အောက်မှာ မီရှယ်လင် အစားအသောက်ကိုယ်စားလှယ်ဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်ယောက်နေတယ်။ သူက ဟင်းလျာတွေကို မြည်းစမ်းချင်လို့တဲ့။ သူက နေ့လည်စာစားဖို့ ရောက်လာပြီး စားသောက်နေတာ မျက်နှာမှာလည်း ထမင်းလုံးတွေကပ်လို့ ဟားဟား"

လျန်မုန့်ချီမှာ သူမ ဝသီသအတိုင်း ရယ်မောကာ ပြောသည်။

သို့သော် ကျန်းဟန်မှာ အံ့ဩဟန်မပြဘဲ ဘာသိဘာသာပင် အောက်ထပ်သို့ ဆင်းလာသည်။

သူလည်း ပထမထပ်မှ ဆံဖြူယောက်ျားကို မြင်ပေသည်။

ပီရာဆန်သည် ကျန်းဟန်ကို တွေ့လိုက်တွင် အထက်စီးဆန်စွာပင်
"ဟယ်လို သူဌေး. ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါ့နာမည် ပီရာဆန်။ မီရှယ်လင်ရဲ့ အစားအသောက်ကိုယ်စားလှယ်ပါ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now