အပိုင်း(၁၀၉)

333 30 0
                                    


အပိုင်း(၁၀၉) နှိုင်းယှဉ်မှုဆိုတာ မခံချိမခံသာဖြစ်စရာပဲ

ပုံမှန်ဆိုလျှင် ဘာလုပ်မယ်၊ ဘယ်သွားမယ်၊ ဘယ်မှာစားမယ် အစရှိသည်တို့ကို ဆုံးဖြတ်ချက်ချရမည့်သူမှာ ဇီယန်ဖြစ်သည်။

ယခုမူ ဇီယန်မှာ သူမစိတ်ကို သူမ မပိုင်တော့သလို၊ ပါးပြင်ပေါ်တွင်လည်း နေရခက်သောအမူအရာတို့ ဖြစ်ပေါ်လာသည်။ သူမ ဘာလုပ်မလဲ မသိတော့။ နေသင့်သလား? ပြန်သင့်သလား?

"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး။ မေမေ မေမေ့ကို ပြန်ခွင့်မပြုဘူး။ မေမေ သမီးနဲ့ အတူတူနေရမယ်"

မုန့်မုန့်သည် ချက်ချင်းပင် နူးညံကာ ချစ်စဖွယ်ကောင်းသည့် အမူအရာလေးဖြင့် ပြောသည်။ သူမလေး၏ မျက်လုံးရွဲကြီးများမှာ မပြန်စေလိုခြင်းများ ပြည့်နေ၏။ မင်းသမီးလေးမှာ သူမ၏မေမေအား ပြန်မသွားစေချင်။

"ကောင်းပါပြီ။ ညည်းမေမေက ညည်းနဲ့ ဒီမှာပဲ နေလိမ့်မယ်"
ကျိုးဖေးသည် တခစ်ခစ်ရယ်မောကာ
"အစ်မယန် ငြင်းမနေနဲ့တော့။ ဒီမှာနေရတာက ကိစ္စကြီးကြီးမားမားကြီးလည်း မဟုတ်ပါဘူး"

ယခုတွင် ကျိုးဖေးသည် ဇီယန်အား ဤနေရာတွင် နေထိုင်ခြင်းက ကောင်းမွန်သည်ဟု ယူဆထားသည်။ အကြောင်းမှာ သူမသည် ယခင်နှင့် မတူတော့ဘဲ ဇီယန်နှင့် ကျန်းဟန်အား အတူတူရှိနိုင်ရန် မျှော်လင့်ထားသောကြောင့်ပင်။ တစ်ချိန်က ကျိုးဖေးသည် ဇီယန်၏ရှေ့တွင် ကျန်းဟန်အား မကောင်းပြောခဲ့ပေသည်။

"ငါ..."
ဇီယန်မှာ အနည်းငယ် ရှက်သွားသည်။ သူမ၏ ပါးပြင်မှာ နူးညံကာ ရှက်သွေးဖြာ နီရဲနေသဖြင့် တစ်မျိုးလေး ဆွဲဆောင်မှုရှိနေသည်။

ကျိုးဖေးသည် သူမ၏အမူအရာကို မြင်သည်နှင့် ဇီယန် ရှက်နေမှန်း သိလိုက်သည်။ ထို့ကြောင့် ခဏလောက်စဉ်းစားကာ
"အိုက်ယား အစ်မယန်၊ အိပ်ခန်းအကြီးထဲမှာ အစ်မနဲ့ မုန့်မုန့် အတူတူအိပ်လို့ရတယ်။ ခဲအိုက ဒုတိယ အိပ်ခန်းမှာ လာအိမ်လို့ရတာပဲ။ ဘာမှ အဆင်မပြေစရာမရှိပါဘူး"

"မဖြစ်နိုင်ဘူး"
ဇီယန်မှာ ခေါင်းခါနေဆဲပင်။
"ဒီနေ့ ယွမ်ရင်ဥယျာဉ်ကို ပြန်တာ ပိုကောင်းမယ်။ ဒီမှာ မုန့်မုန့်အတွက် အဝတ်အစားမလောက်တော့ဘူး။ အဝတ်အစားနည်းနည်းလောက် ပြန်ယူရမယ်။ မုန့်မုန့်ကလည်း ဒီမှာ အချိန်တစ်ခုလောက် နေရဦးမယ်လို့ ငါထင်တယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now