Distance of One Step ( Normal )

11 2 0
                                    

( Zawgyi )

ခေါင်းပေါ်ကို နှင်းတွေကျလာတော့ အစ်ကို့ကို သတိရမိတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက အစ်ကိုက ဆောင်းရာသီဝင်လာပြီဆို ကလေးမ နွေးနွေးထွေးထွေးနေ ၊ အပြင်ထွက်ရင်အနွေးထည်ဝတ်ဦးလေ ဆိုပြီးအမြဲတမ်းမှာတတ်လေ့ရှိတယ်။

ခုများတော့ ညီမတစ်ယောက်ထဲပဲ ဆောင်းရာသီကိုဖြတ်သန်းနေရတယ်။
စိတ်ပူပေးမဲ့သူ ၊ ဂရုစိုက်ပေးမဲ့သူကတော့ မရှိတော့ဘူး။
ညီမက မိုးအကုန်ဆောင်းအကူးရာသီမှာ မွေးပေမဲ့
ဆောင်းရာသီကိုနှစ်သက်ပြီး မိုးရာသီကိုမုန်းပါတယ်။

သူများတွေအတွက်ဆောင်းရာသီက အေးခဲပြီးနေထိုင်မကောင်းတွေဖြစ်တတ်ပေမဲ့
ညီမကတော့ နေထိုင်မကောင်းတစ်ခါမှမဖြစ်ခဲ့လို့။
အကြောင်းပြချက်ကြီးက ရူးကြောင်ကြောင်နိုင်ပေမဲ့ နေမကောင်းဖြစ်ရတာကိုအရမ်းမုန်းတာ။

နေမကောင်းဖြစ်ရင် သောက်ရတဲ့ဆေးတွေကို လည်းမုန်းတယ်။
ခါးပြီးတော့အော့အန်လိုက်ချင်တယ်။
ငယ်ငယ်တည်းက မိဘမရှိပဲ ကြီးပျင်းလာခဲ့ရတဲ့ သူမလို့ထင်ပါတယ်။
ဆေးချော့တိုက်မဲ့သူလဲမရှိသလို သကြားလုံးတစ်လုံးကျွေးမဲ့သူလဲမရှိဘူး။

ဒါပေမဲ့ အစ်ကိုကတော့ ညီမအတွက် ကောင်းကင်ကပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။
သူများတွေအေးလို့ကွေးနေချိန်မှာ အစ်ကိုက ညီမအတွက်ဂရုတစ်စိုက်ရှိပေးတယ်။
ညီမဝမ်းနည်းနေချိန်မှာလည်း နှစ်သိမ့်ပေးသလို
ညီမ​ပျော်ရွှင်ရင်လည်း လိုက်ပျော်ပေးတယ်။

အဲ့ဒီဂရုစိုက်မှုတွေကပဲ အထင်မှားမှုကိုဖြစ်သွားစေခဲ့တယ် ထင်ပါရဲ့။
အကယ်၍များအဲ့နေ့ကသာ ညီမအဲ့စကားကို မပြောခဲ့ဘူးဆိုရင် အခုဆိုညီမကလဲ အစ်ကို့ရဲ့ညီမအရင်းလိုမျိုး ဆက်ပြီးဂရုစိုက်ခံရနိုင်လောက်လား။

ညီမရဲ့အသက် (၂၀) ပြည့်မွေးနေ့မှာ ညီမရယ် ၊ အစ်ကိုရယ် ၊ အခုလက်ရှိအစ်ကိုဇနီး အဲ့အချိန်တုန်းကတော့ အစ်ကို့ကောင်မလေးပေါ့ ။
သုံးယောက်တူတူ လျှောက်လည်ခဲ့ကြတယ်။ သုံးယောက်လုံးတူတူစားသောက်ပြီး သီချင်းတွေလဲဆိုကြတယ်။

ညီမတို့ အဲ့အချိန်​ထိ အကုန်​လုံး​ပျော်​ရွှင်​​နေကြ​တယ်​။
နောက်​​တော့ အစ်​ကိုဇနီး​လောင်း က သူ့အိမ်​ကိုအရင်​ပြန်​သွားတဲ့အချိန်​ ညီမ က အစ်​ကို့ကို ​မေတ္တာရှိ​ကြောင်း ဖွင့်ပြောခဲ့တယ်။

Hann One Shot Collection 💙Where stories live. Discover now