Alone ( Boy Love )

10 2 0
                                    

( Zawgyi )

၂၀၂၀ ခုနှစ်ရဲ့ ဆောင်းရာသီကိုတောင်ရောက် ပြီပဲ။
ဘာလိုလိုနဲ့အချိန် ၃ နှစ်ကရွေ့လျားတာ မြန်လိုက်တာ။
အကယ်၍များ ငါတို့သာ ဆက်လက်တွဲဖြစ်ခဲ့ရင် ခုလောက်ဆို လက်ထပ်ပြီးလောက်ရောပေါ့ အဲလက်စ်။
ဒါပေမဲ့လဲ မဖြစ်နိုင်ဘူးဆိုတာ မင်းရော ငါရော သိနေကြတာပဲမလား။
မင်းမှာလည်းဂရုစိုက်ရမဲ့အသိုင်းအဝိုင်းရှိသလို
ငါ့မှာလည်း ဂုဏ်သိက္ခာတော့ရှိသေးတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ငါ့ကိုယ်ငါသာပြန်ပြီး
စကားပြောလို့ရတဲ့ အခွင့်အရေးများရှိရင် မင်းထက်တစ်ခြားသူတွေကိုရွေးချယ်ဖို့ပဲ ပြောမိမယ်ထင်တယ်။
ခုတော့ အဝေးမှာ မြင်နေရတဲ့ နှင်းတွေဖုံးနေတဲ့အိမ်လေးလိုပဲ ငါခံစားချက်တွေကလဲ အတူတူပဲ။

တစ်ချိန်တုန်းက ငါလည်းသာမန်အတွဲတွေလို စိတ်ကူးယဉ်ခဲ့ဘူးတယ်။
မင်းရယ် ၊ ငါရယ် ၊ နောက် မင်းနဲ့တူတဲ့ ကလေးလေးတစ်ယောက်ရယ်နဲ့ပေါ့။
အခုများတော့ ငါတို့ ကြားထဲမှာ ကျွန်းတစ်ခု မဟုတ်ဘူး ။
တံတိုင်းတစ်ခု ငါ့ဘက်က ဂုဏ်သိက္ခာ ၊ မာန တွေနဲ့တည်ဆောက်ထားတဲ့တံတိုင်း ၊ မင်းဘက်ကတော့ အတ္တ ၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ တည်ဆောက်ထားတဲ့တံတိုင်း ခြားနေကြပြီ ။

မင်းအတွက်ဆို ငါကအရာရာကိုစွန့်လွှတ်နိုင်ခဲ့ပေမဲ့
မင်းအတွက်တော့ ငါက ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်အနည်းငယ် လောက်တောင် အရေးမပါခဲ့ပုံပါပဲ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်ထိကို ငါမင်းဘက်က အဆင့်သင့်မဖြစ်သေးလို့ဆိုပြီး ဖြည့်တွေးပေးနိုင်ခဲ့တယ်။
ငါတို့ရဲ့ ဆက်နွယ်မှုက ပတ်ဝန်းကျင်ရဲ့ရိုက်ခက်မှုကို ခံရနိုင်ချေအများကြီးရှိတာကိုး။

မင်းရဲ့ ' ငါတို့လမ်းခွဲကြရအောင် ' ဆိုတဲ့စကားကိုမကြားခင်အချိန်အထိပါပဲ။
ခုများတော့ ငါရဲ့မင်းအပေါ် စိတ်ခံစားချက်တွေက အဲ့အိမ်အပေါ်မှာ ဖုံးနေတဲ့ ဆီးနှင်းခဲတွေလိုပဲ အေးစက်သွားပြီ ။
နွေဦးကိုရောက်လို့ ဆီးနှင်းတွေအရည်ပျော်ပြီး လောကကြီးက နွေးထွေးသွားရင်တောင် မင်းအပေါ်မှာထားတဲ့ ငါ့ရဲ့ခံစားချက်တွေက အမြဲတမ်း အေးစက်နေမှာပဲ။

Hann One Shot Collection 💙Where stories live. Discover now