Cursed Loneliness Star

5 1 1
                                    

( Zawgyi )

Honey Cafe

ကျွန်တော်ဆိုင်ထဲဝင်လာတော့ ဆိုင်ရဲ့ စားပွဲထိုးကောင်လေးတစ်ယောက်က အနားကိုရောက်လာတယ်။
ကျွန်တော်လည်း ဆိုင်ရဲ့အပြင်ဘက်ကိုလှမ်းမြင်ရတဲ့ စားပွဲခုံမှာသွားထိုင်လိုက်တယ်။

' ဧည့်သည် ၊ ဘာများသုံးဆောင်မလဲခင်ဗျ '

' အမေရိကာနို တစ်ခွက်ရယ် ၊ ချောကလတ်ကိတ်တစ်စိတ်ရယ် ပေးပါဗျ။ '

' ဟုတ်ကဲ့ပါဗျ။ ဧည့်သည် ခနလေးစောင့်ပေးပါဗျ။ '

ဆိုင်မှာထိုင်စောင့်ရင်းနဲ့ နာရီကိုကြည့်လိုက်တယ်။
သြော် ညနေ ၄ နာရီတောင်ထိုးသွားပြီပဲ။
အစ်ကိုနဲ့ချိန်းထားတာက ၄ နာရီခွဲဆိုတော့ နာရီဝက်လောက်အချိန်ရသေးတယ်။
အစ်ကိုနဲ့ပက်သက်ရင် ကျွန်တော်က ဝီရိယရှိတဲ့သူမျိုးပဲ။

အစ်ကိုဆိုတာက ကျွန်တော်တိတ်တခိုး သဘောကျနေတဲ့သူဗျ။
အစ်ကို့နာမည်က လင်းလရောင်တဲ့။

တိတ်တခိုးသဘောကျတယ်ဆိုတော့ ယောကျာ်းလေးချင်းဘာကြောင့်များ
သဘောကျတာလဲလို့ တွေးနေတယ်ထင်တယ်။
ဒီတိုင်းပဲ အစ်ကိုမို့လို့ ကျွန်တော်က သဘောကျသွားတာ။
အင်း ပြောရမယ်ဆို ကျွန်တော်က Gay ပေါ့ဗျာ။

အစ်ကိုသာ အခုအကြောင်းကိုသိသွားရင် ကျွန်တော်ကို ရွံမုန်းသွားမယ်ထင်တယ်။
ဒါပေမဲ့ ကျွန်တော်က သတ္တိမရှိဘူး။
အစ်ကိုရွံမုန်းသွားမှာကိုလဲ ခံနိုင်ရည်မရှိဘူး။

ဒီနေ့တော့ ကျွန်တော်က အစ်ကို့ကို ဖွင့်ပြောမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။
ဘာလို့လဲဆိုတော့ တစ်ခါလောက်တော့ သတ္တိရှိရှိ
အစ်ကို့ကို ပြောပြချင်တယ်။
ကျွန်တော်က အစ်ကို့ကို အစ်ကိုတစ်ယောက်လိုလဲ ခင်တွယ်မိပါကြောင်း။
ချစ်သူတစ်ယောက်လိုလဲ မေတ္တာ သက်ဝင်မိပါကြောင်းပေါ့။

အစ်ကိုက ငြင်းမယ်ဆိုရင်တောင် နောင်တစ်ချိန် ဒီအချိန်အပိုင်းအခြားကို ပြန်တွေးခဲ့မိရင် နောင်တတွေနဲ့မရှင်သန်ချင်လို့။
ဘာပဲဖြစ်ဖြစ်လေ နောင်တဆိုတာမျိုးက နောင်မှရတတ်ကျတာမလား။

အများကြီးမမျှော်လင့်ပါဘူး။
အနည်းဆုံးတော့အစ်ကိုနဲ့ အခုလက်ရှိ ညီအစ်ကိုသံယောဇဉ်ပျက်မှာဖြစ်ပြီး
အများဆုံးကတော့ အစ်ကိုက ကျွန်တော်ကို ဘယ်တော့မှပြန်မတွေ့ချင်လောက်အောင်
ရွံမုန်းသွားတာမျိုးအထိကို မနက်ကတည်းက တွေးထားပြီးသား။

You've reached the end of published parts.

⏰ Last updated: Jun 30, 2022 ⏰

Add this story to your Library to get notified about new parts!

Hann One Shot Collection 💙Where stories live. Discover now