💫Foreigner နှင့် တစ်ညတာ💫

21K 97 1
                                    

နိုင်ငံခြားက ခရီးသွားအဖွဲ့တစ်ဖွဲ့ လာတော့မယ်ဆိုတာကို
Tour ကုမ္ပဏီက အကြောင်းကြားလိုက်ထဲက
tour guide တယောက်ဖြစ်တဲ့"ခန့်ဇော်"အလုပ်တွေ
ရှုပ်နေပါတော့တယ် သူတို့ကုမ္ပဏီက နိုင်ငံခြားနဲ့
ချိတ်ဆက်လုပ်ကိုင်နေတဲ့ tourကုမ္ပဏီ တစ်ခုပါပဲ အများအားဖြင့် တရုတ် ထိုင်း နဲ့ ဥရောပဘက်က
နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးတာ များပါတယ်
အခုလဲနိုင်ငံခြားက ဧည့်သည်အ၀င်အထွက် များခဲ့လို့နားရမယ်ကြံကာ ရှိသေးတယ် အခုတစ်ဖွဲ့လာတော့မယ်ဆိုတော့ ခန့်ဇော်တယောက်
မနားရတော့ပြန်ဘူးလေ အခုလာမဲ့အဖွဲ့က
ဥရောပကအဖွဲ့ အယောက်၃၀လောက်ရလာမယ်လို့
ကုမ္ပဏီကပြောကာ ရန်ကုန် မန္တလေး ပုဂံ တောင်ကြီးကိုအလည်သွားမှာမို့ ၁၀ရက်လောက်တော့
ကြာမယ်လို့ပြောတယ်လေ
အခုလဲနယ်က ဟိုတယ်တွေကို အရင်လှမ်းချိတ်ကာဘွတ်ကင်လုပ်နေရတာပေါ့ !!!

ဒီလိုနဲ့foreignerအဖွဲ့ ရောက်လို့လာခဲ့ပါပြီ
အားလုံးအယောက်၃၀ပါပဲ ရောက်တော့
ခန့်ဇော်နဲ့ကုမ္ပဏီကလူတွေ လေဆိပ်မှာသွားကြိုကြတယ်
လေဆိပ်ကနေ တည်းမယ့်ဟိုတယ်ကို tourကားနဲ့ခေါ်သွားကြတာပေါ့
ဟိုတယ်ရောက်တော့ နေရာထိုင်ခင်း စီစဉ်ပေးကာ အနားယူဖို့ပြင်ဆင်ပေးရတာပေါ့
နောက်တစ်နေ့မှာတော့ ရန်ကုန်မြို့ရဲ့ တန်ခိုးကြီး
ဘုရားတွေကိုသွားဖို့ စီစဉ်ထားတဲ့အတိုင်း
ကားနဲ့မနက်ထဲက စတင်ထွက်ခွာပါပြီ ခန့်ဇော်ကတော့ အင်္ဂလိပ်စကားအပြင် ဂျာမန် ပြင်သစ်စကားတွေပါတက်တော့ ဒီအဖွဲ့ကို ဘုရားသမိုင်းကြောင်းတွေပါရနားလည်အောင် ရှင်းပြနိုင်တယ်လေ
အဲ့ဒိအဖွဲ့ထဲမှာ တယောက်ထဲ ခရီးလိုက်ပါလာတဲ့ အင်္ဂလန်နိုင်ငံသား Mr.John ဆိုတဲ့လူတယောက်လဲပါလာတယ်
သူကသူများတွေလို မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့မဟုတ်ဘဲ တယောက် ထဲလိုက်လာခဲ့တဲ့သူတယောက်ပါ
ဒီလိုတယောက်ထဲ လိုက်လာတာကို ခန့်ဇော်လဲသိတော့ တခါတလေ ဘုရားတွေရောက်ရင် သူ့နားမှာအဖော်ပြုပေးဖြစ်ခဲ့တယ်လေ
Johnက အသက်၂၈နှစ်လောက်ရှိပြီး
အရပ်ရှည်ရှည် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနဲ့
ကြည့်ကောင်းတဲ့သူ တယောက်ပဲပေါ့
ဒီလိုနဲ့ ပထမတရက်ကုန်လို့ရဟိုတယ်ပြန်ရောက်တော့ ကုမ္ပဏီကရနောက်နေ့မနက်စောစော
ခရီးစထွက်ရတော့မယ် ဆိုပြီ ခန့်ဇော်ကို ဟိုတယ်မှာအိပ်ခိုင်းလိုက်တယ်
ဖြစ်ချင်တော့ အခန်းတွေကပြည့်နေပြီး
Johnရဲ့အခန်းပဲလွတ်နေတယ် Johnက
နှစ်ယောက်ခန်းကို တယောက်ထဲနေရတာ ဆိုတော့
ခန့်ဇော်လဲJohnနဲ့  အတူတစ်ညအိပ်ဖို့ ပြောကာအခန်းထဲကိုရရောက်လာခဲ့တော့တယ် ခရီးထွက်ဖို့ပါ
ပစ္စည်းတွေ တပါထဲယူခဲ့တာပေါ့!!!

Foreigner နှင့် တစ်ညတာ [21+] (Unicode/Zawgyi)Where stories live. Discover now