8

1K 112 18
                                    

လှပ ခမ်းနားထည်ဝါသော
အိမ်ကြီးတစ်အိမ်ဟာ နေချင်စဖွယ် ပြင်ဆင်ထားခြင်းသည်
အလွန့်အလွန်  လှပလွန်းသည်

အိမ်ရဲ့ ပတ်ပတ်လည်ဝယ် အေးချမ်းစေသော သဘာဝ အလှတရားများစွာရှိသည်

ထိုထဲမှ စိန်ပန်း လိမ်မော်ရောင်
အပင်အကြီးကြီးကတော့  အလှဆုံးပေါ့

ထို...အိမ်ကြီးသည်
လူတွေနဲ့ဝေးသော ကျွန်းကြီးတစ်ကျွန်းမှာ
တည်ဆောက်ထားသောကြောင့်
ပြာလဲ့လဲ့ ပင်လယ်ရေများရဲ့
အလည်မှာ တည်ရှိနေသည်။

သုံးထပ်တိုက်ကြီးရဲ့ အပေါ်ဆုံးထပ်ကြီးရဲ့ ဝရန်တာပေါ်ဝယ်....
အပေါ်အောက် အနက်ရောင်တွေကြီးသာ
ဝတ်ဆင်ထားသော ကောင်လေးသည်
အမဲရောင်ကို အတော် နှစ်သက်ပုံရသည်

ကျယ်ပြန့် လှပသော အလှတရားတွေနဲ့
ပင်လည်ပြင်ကိုကြည့်ရင်း.....
အတွေးများစွာနဲ့ စိတ်တွေလွင့်ပျံလို့နေသော
ကောင်လေးဟာ မျက်နှာလေးတော့ ညိုးငယ်လို့နေသည် 

"ကောင်လေး နေသာရဲ့လား"

အာ ဟုတ်ကဲ့ ကျွန်တော် ကောင်းနေပါပြီ

ဟုတ်ပါပြီ
အတိပ်အကြောင်းတွေ သိပ်မတွေးပဲနေပါ
ဒါက မင်းကောင်းဖို့ပြောတာကို
နားလည်တယ် မဟုတ်လား

မတွေးပါဘူး ....အကို jin
ဒါပေမယ့် တစ်ချိန်က အရာတွေက
ရင်ထဲက တစ်နေရာမှာ အမာရွတ်အဖြစ်တော့ ကျန်နေသေးတာတော့ အမှန်ပဲ

အင်းပေါ့... ဒါဖြစ်တက်ပါတယ်
နုလုံးသားနဲ့ နစ်နေအောင်ချစ်ရတဲ့ သူကတော့ ပိုပြီး ခံစားရတာကြီးပါပဲ

အဟင်း ကျွန်တော် သူ့ကို  မေ့လိုက်ပါပြီ
အခု ကျွန်တော်တွေးနေတာက
ကျွန်တော့် ဘဝကို ပြန်ပြီး စတင်ဖို့်ပဲ

အင်း.....အဲ့တော့ မင်းမှာ အစီစဥ်ရှိပြီလား

ကျွန်တော့်လို ဆွေမရှိမျိုးမရှိ 
ဘာမှမသိ ဘာမှ​ရှိတဲ့ကောင်က
အစီစဥ်ဆိုတာရှိပါ့မလားဗျာ.... ခိခိခိ

ရယ်ကျဲကျဲပြောလာသော ဂျောင်ကုကို
ကြည့်ကာ ဂျင် သတ်ပြင်းချမိသည်

အတိပ်ရဲ့ အရိပ်လေးကနေထွက်ပြီး
ကိုယ့် ညီလေးအဖြစ် အသက်သွင်းရန်
စောင့်နေခဲ့တာ ၆နှစ် ၃လ ထိထိရှိနေပြီဖြစ်သည်
ဒါကြောင့် ဒီကောင်လေးကို
သိမ်းသွင်းဖို့ရာ အချိန်တန်လို့နေပြီ

သံယောဇဉ် Where stories live. Discover now