13 [ Part 1]

1K 104 10
                                    

"ည ၁နာရီ အချိန်"

ဂျီမင်းတစ်ယောက် အပေါ်တက်လိုက်
အောက်ဆင်းလိုက်နဲ့ ဗျာများလို့်နေရသည်

တောင်းတောင်းပန်ပန်ပင့်ဖိတ်ထားရသောဆရာဝန်ကိုလည်း... တမျှော်မျှော်
အိပ်ရာထပ်က ကူးငယ်လေးကိုလည်း
စိတ်မချ စိတ်ရှိတိုင်းသာဆို ချက်ချင်းဆေးရုံခေါ်သွားချင်ပေမယ့် မဖြစ်သေးပေ
ကူးငယ်ကဘာဖြစ်လာလည်းဆိုတာ မသိတာမို့
စစ်လားဆေးလားတွေနဲ့ ပြသနာဖြစ်မှာဆိုး၍
အအိပ်ပုတ် ဆရာဝန်ကြီးရဲ့ ဆဲဆိုတာကိုခံပြီး
ပင့်ဖိတ်ထားရသည်

"အကို Yoongi ကလည်း
မြန်မြန်လာပါဆိုတာကိုကွာ မလာသေးဘူး ကျစ်..
ကူးငယ် သတိထားဦးနော်
ကိုကို ဆရာဝန်ခေါ်ထားတယ် သိလား "

သွေးအလိမ်းလိမ်းနဲ့ ရောက်လာခဲ့ပါသော
ကူးငယ်ကြောင့် ဂျီမင်းမှာ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မသိတော့
ပြင်ပ ဒဏ်ရာတွေကလည်း...မနည်း မနောမို့
ဒီကို ဘယ်လိုများရောက်လာခဲ့ပါ့လိမ့်
ဘာတွေဖြစ်လာသလဲဆိုတာတွေကို ဂျီမင်းမှာ မမေးနိုင်

"ကိုကို....."

အင်း ကူးငယ် ဘာဖြစ်လို့လဲ ပြောလေ

"ကျွန်တော် ရောက်လာတာ
အရမ်းနောက်​ြကသွားတယ် "

တိုးတိုးလေးပြောလာသော ကူးငယ်ဟာ မျက်လုံးလေးတွေဆင်းလို့နေပြီ...

"အင်း ကိုကိုသိတယ်
စကားတွေ အရမ်းမပြောနဲ့ အားတွေကုန်မယ်
ရောက်လာခဲ့ပေးလို့ ကိုကိုက ကျေးဇူးတင်ပါတယ်
ဒါပေမယ့် မင်း ကတိတည်ရမယ်နော်
မအိပ်သွားနဲ့ ကြားလား မျက်ဝန်းလှလှလေးတွေနဲ့ ကိုကို့ကိုကြည့်နေပါဦးကွာ...."

ပြုံးကာ ခေါင်းငြိမ့်ပြလာသော ကူးငယ်ဟာ
သိပ်ချစ်ဖို့ကောင်းသော သွားလေးတွေနဲ့

ကိုကိုက ပြုံးပြလာတဲ့ ကူးငယ် မျက်နှာလေးကို ဖွဖွလေး ထိတွေ့ပြီး
ကျန်လက်တစ်ဖက်က ကူးငယ် လက်လေးကို တင်းတင်း ဆုပ်ကိုင်​ပေထားသည်မို့
ကူးငယ်ပျော်နေခဲ့သည်

[တင်းတောင်.... ဘလ်တီးသံ.....]

လာပြီထင်တယ် ကူးငယ်
ကိုကိုခဏတံခါးသွားဖွင့်ပေးလိုက်ဦးမယ်နော်

သံယောဇဉ် Where stories live. Discover now