အပိုင်း(၁၀၃)

333 30 0
                                    

အပိုင်း(၁၀၃)

ရွှေရောင်ဆံပင်၏စကားများမှာ မလိုမုန်းထားမရှိသော်လည်းသူသည် မီရှယ်လင်ကို အလွန်ချီးကျူးနေသည်ဟု ခံစားရသည်။ သူ၏မေးခွန်းထုတ်နေသည့် လေသံတွင် ဤစားသောက်ဆိုင် အခြားဆိုင်များဖြင့် မယှဉ်နိုင်သလိုဖြစ်နေသည့်အတွက် လျန်မုန့်ချီအား မပျော်မရွှင်ဖြစ်စေဖြင့် သူမသည် ကျွတ်ဆတ်တ်ပြန်ပြောလိုက်သည်။

“အာ...ကောင်းပါပြီ”

ရွှေရောင်ဆံပင်သည် ပြုံးကာ နို့ခွက်ကို ယူလိုက်ပြီး သူ၏စားပွဲသို့ ပြန်လျှောက်သွားသည်။ စားပွဲထိုင်ပြန်ထိုင်သည့်အချိန်တွင် ဖုန်းကိုထုတ်ကာ မှတ်စုတွင် မှတ်တမ်းတင်လိုက်ပြန်သည်။

မုန့်မုန့်၏အပန်းဖြေရာစားသောက်ဆိုင်

အစားသောက် - ၁၀၀

ထမင်းစားခန်းပတ်ဝန်းကျင် - ၆၀

ဝန်ဆောင်မှု - ၃၀

ဝိုင် - ၀

ဤသည်မှာ သည်စားသောက်ဆိုင်အပေါ် မှတ်ချက်ဖြစ်သည်။ အမှတ်ပြည့် ၁၀၀ ဖြစ်ပြီး ၆၀ သည် အောင်မှတ်ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် အစားအသောက်အကဲဖြတ်ဝေဖန်ရေးသမားဖြစ်ကြောင်း ၎င်းကို ကြည့်ကာ သိနိုင်သည်။

သူသည် မီရှယ်လင်၏အစားအသောက်ကိုယ်စားလှယ်ပင်ဖြစ်သည်။

မီရှယ်လင်စားသောက်ဆိုင်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အနီရောင်မီရှယ်လင်စုစည်းမှု၏ စားသောက်ဆိုင်များဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အလွန်ဂုဏ်သိက္ခာကြီးမား‌သော စားသောက်ဆိုင်ဖြစ်ပြီး မရေမတွက်နိုင်သော စားသောက်ဆိုင်များသည် ထိုဂုဏ်ကျက်သရေကို ခံယူလိုကြသည်။

ကြယ်အဆင့်သတ်မှတ်ချက်ကြောင့် ကြွယ်ဝမှုနှင့် ကျော်ကြားမှုကို ကိုယ်စားပြုသည်။

မီရှယ်လင်စားသောက်ဆိုင်ကို မီရှယ်လင်စားသောက်ဆိုင်၏ မီရှယ်လင် ဓားနှင့်ခက်ရင်း အမှတ်အသား အနည်းဆုံးတစ်စုံရရှိခြင်းဖြင့် အကဲဖြတ်သည်။ ဓားနှင့်ခက်ရင်း တစ်စုံမှ ငါးစုံအထိသည် မီရှယ်လင်စားသောက်ဆိုင်လမ်းညွှန်အတွက် စံသတ်မှတ်ချက်ဖြစ်သည်။ ၎င်းမှာ စားသောက်ဆိုင်၏ စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်း ဖော်ပြရန်ဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now