အပိုင်း(၁၁၅)

311 27 0
                                    

အပိုင်း(၁၁၅) အိမ်တော်ထိန်းကြီး တာဟေး

"ပြီးပြည့်စုံတဲ့ အောင်မြင်မှုကို လိုချင်ရင် အခက်အခဲတွေကို ဖြတ်ကျော်ရမယ်။ သန်မာတဲ့သူတွေကပဲ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်တယ်"

ကျန်းဟန်က စကားတစ်ခွန်းအား ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။

"ဖေဖေ ဘာအကြောင်း ပြောနေတာလဲဟင်။ ခက်ခဲတာက ဘာကြီးလဲ။ ပန်းတိုင်ဆိုတာက ရော ဘာကို ပြောတာလဲ"

မုန့်မုန့် စိတ်ရှုပ်ထွေးသွားကာ မေးလိုက်၏။

"အဲ့ဒါက စိတ်အားထက်သန်တဲ့သူတွေကပဲ သူတို့ရဲ့ အိပ်မက်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ် လို့ ပြောတာ"

ကျန်းဟန် မုန့်မုန့်၏ခေါင်းကို ပုတ်လိုက်ပြီး

"ဒီ ချင်ပန်ဇီလိုပဲ သူက မုန့်မုန့်ကို ကြောက်လန့်အောင်လုပ်လို့ ဖေဖေ သူ့ကို မကယ်ချင်ခဲ့ဘူး။ ဒါပေမဲ့ မုန့်မုန့်က အရမ်းကြင်နာတတ်တယ်။ ဒါကြောင့် ဖေဖေက သူ့ကို အခွင့်အရေးတစ်ခုပေးခဲ့တာ"

"အမ်?"

မုန့်မုန့်မှာ စိတ်ရှုပ်သွားသော်လည်း နောက်ဆုံးတွင် ကျန်းဟန်၏ဆိုလိုရင်းအား နားလည်သွားသည်။ သူမလေး၏မျက်လုံးများမှာ တောက်ပလာပြီး

"ဒါဆို...သူ့ကို သမီးကယ်ခဲ့တာပေါ့နော်"

"ဒါပေါ့"

ကျန်းဟန် နူးညံ့စွာ ပြောလိုက်၏။

"ရေး...သမီး သူ့ကို ကယ်ခဲ့တယ်"

မုန့်မုန့်၏ မျက်လုံးများမှာ တောက်ပနေခဲ့သည်။ သူမသည် အဝေးဆီမှ ချင်ပန်ဇီကို လှမ်းကြည့် ကလေးသံလေးဖြင့်

"လာထား....လာထား....."

ကျန်းဟန်၊ မုန့်မုန့်နှင့် ရှောင်ဟေးတို့၏ အကြည့်အောက်တွင် ချင်ပန်ဇီမှာ ခက်ခက်ခဲခဲဖြင့် တစ်လှမ်းပြီးတစ်လှမ်း တက်လာလေသည်။

အိမ်မွေးတိရစ္ဆာန်ဧရိယာကို ဖြတ်သန်းသွားကြသည့် ခွေးကလေးများပင် ချင်ပန်ဇီ၏သွေးများလွှမ်းနေသည့် ပုံစံကို တွေ့လိုက်ရသည့်အခါ ထိတ်လန့်သွားကြသော်လည်း တဖြည်းဖြည်းဖြင့် တစ်စုံတစ်ခုကို နားလည် သဘောပေါက်လာကာ ချင်ပန်ဇီအား အားပေးရန် စုရုံးလာကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now