အပိုင်း(၁၁၆)

322 29 0
                                    

အပိုင်း(၁၁၆) အစ်ကိုကြီးကင်းမြီးကောက်

"ဟင့်အင်း...မဟုတ်ဘူး...ဖေဖေ မုန့်မုန့်ကို လိမ်နေတာ"

မုန့်မုန့်မှာ နှာခေါင်းရှုံလိုက်ပြီး

"အိပ်ပျော်သွားပြီးရင် ဒီလောက်မြန်မြန်ကြီးလာနိုင်မှာမဟုတ်ဘူး။ မုန့်မုန့်လည်း အများကြီး အိပ်ပြီးပြီ။ ဒီလောက် မကြီးလာသေးဘူး။ မုန့်မုန့်က သေးသေးလေးပဲ ရှိသေးတယ်"

မုန့်မုန့်မှာ ပြောနေရင်းဖြင့် သူမ၏အရပ်ကို ပြရန် လက်ဖဝါးသေးသေးလေးကို ဆန့်ထုတ်ကာ သရုပ်ပြလေသည်။ သူမလေး၏အရပ်မှာ ၁.၂ မီတာအောက်သာ ရှိသည်။

"အဲ..."

ကျန်းဟန် ရယ်ရမလား ငိုရမလား မသိတော့။

"သူက ရေတွေအများကြီးသောက်ပြီး အိပ်ပျော်သွားတာလေ"

"ရေက လူတွေကို ဝမ်းလျောစေတာမဟုတ်ဘူးလား"

မုန့်မုန့်မှာ မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း‌ ပြောသည်။

"ဟုတ်တယ်။ ပြီးတော့ တခြားဟာတွေလည်း ရှိသေးတယ်"

ကျန်းဟန် ခေါင်းညိတ်လိုက်သည်။

"အာ...အဲ့ဒါမှားတယ်"

မုန့်မုန့်မှာ သံသယအပြည့်ဖြင့်

"မုန့်မုန့်လည်း ရေသောက်တယ်။ ဘာလို့ မုန့်မုန့်က ပိုကြီးမလာတာလဲ။ ပြီးတော့ သူကျတော့ အများကြီးသောက်ပြီး ဘာလို့ ဝမ်းမလျောရတာလဲ"

"ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေက ချွေးပေါက်တွေထဲက ထွက်လာလို့ပေါ့"

ကျန်းဟန် ခေါင်းယမ်းကာ ပြန်ဖြေသည်။

"ချွေးပေါက်က ဘာကြီးလဲ"

"ချွေးပေါက်က..."

ကျန်းဟန် ဤမေးခွန်းကို မည်သို့ပြန်ဖြေရမှန်းမသိ။ တစ်နှင့်တစ် ပေါင်းလျှင် နှစ် နှင့်ညီမျှကြောင်း လူတိုင်းသိကြသော်လည်း ဘာကြောင့်လဲဆိုသည်ကိုတော့ မည်သူမျှ မရှင်းပြတတ်ကြပေ။

ကံကောင်းထောက်မစွာဖြင့် ကျန်းဟန်သည် ချင်ပန်ဇီထံသို့ လျှောက်သွားလိုက်သည်။ ကျန်းဟန် ပြန်မဖြေရသေးခင်မှာပင် မုန့်မုန့်က ချင်ပန်ဇီအား သတိပြုမိသွားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now