အပိုင်း(၁၁၇)

300 28 0
                                    

အပိုင်း(၁၁၇) သူတို့ရဲ့ ခွန်အားနဲ့ လိုက်ဖက်ပါပေတယ်

ကျောက်ဖုန်းသည် အကြောင်းအရင်းကို တွေးတောနေခဲ့သည်။ ထန်ကျန့်နှင့်ပတ်သက်၍ မည်သည့်သက်သေသာဓက ကိုမျှ မစဉ်းစားမိပေ။

သို့သော်...

ကင်းမြီးကောက်၏မျက်နှာရှိ ရန်စနေမှုကြောင့် ကျောက်ဖုန်း၏မျက်လုံးများတွင် ကြမ်းကြုတ်မှုများ ပြည့်နေ၏။

"ကျောက်ဖုန်း မင်းဘယ်လဲဆိုတာ ငါစောက်ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းဟာမင်း ကျားဖြစ်ဖြစ် နဂါးဖြစ်ဖြစ် ဒီထာဝရညီညွတ်ခြင်းအဖွဲ့အစည်းမှာ မင်းရဲ့နှာခေါင်းကို သန့်ရှင်းအောင်ထားတာ ပိုကောင်းမယ်။ မင်းကိုယ်မင်း အဖွဲ့အစည်းရဲ့ ကျွမ်းကျင်သူတွေထဲမှာ ပထမထင်နေတာလား။ ငါဆိုတဲ့ ကင်းမြီးကောက်ရှိနေသ၍ မင်းကို ဘယ်တော့မှ ထပ်ပိုင်းနေရာမှာ မနေနိုင်စေရဘူး"

ကင်းမြီးကောက်သည် နှာခေါင်းရှံ့ကာ ပြောသည်။

"ဟုတ်လား။ မင်းစမ်းကြည့်ချင်လား"

ကျောက်ဖုန်း မျက်ခုံးပင့်ကာ ကင်းမြီးကောက်အား အေးစက်စွာ စိုက်ကြည့်လိုက်၏။

"မင်းကိုယ်မင်း အရည်အချင်းပြည့်တယ်လို့ ထင်လို့လား"

ကင်းမြီးကောက်က အပြုံးတုတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။

တခဏအတွင်းပင် ကျောက်ဖုန်း၏လူများနှင့် ကင်းမြီးကောက်၏လူများမှာ နောက်သို့ အသီးသီးပြန်ဆုတ်သွားကြသည်။ သူတို့အားလုံးမှာ သူတို့၏ဆရာများ အချင်းချင်း တိုက်ခိုက်ကြတော့မည်ကို ခံစားမိကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။

နောက်အခိုက်အတန့်တွင် ကျောက်ဖုန်း၏ ညာဘက်လက်မှာ လှုပ်ရှားသွားသည်။ သူ၏လက်ဖဝါးက လက်သီးအဖြစ်ပြောင်းလဲသွားပြီး ပြင်းထန်သည့်အရှိန်ဖြင့် ကင်းမြီးကောက်၏မျက်နှာဆီသို့ ဦးတည်သွားသည်။

ကင်းမြီးကောက်၏မျက်လုံးများသည် အေးစက်သောအလင်းတန်းများဖြင့် လင်းလက်သွားသည်။ ထို့ပြင် သူသည် အလွန်တည်ငြိမ်နေပြီး ခေါင်းကို ဘယ်ဘက်သို့လှည့်ကာ လက်သီးချက်အား ရှောင်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now