အပိုင်း(၁၂၀)

305 28 0
                                    

အပိုင်း(၁၂၀) ဟန်ယန်

"ဟန်ယန်တဲ့"

မိန်ချီ၏အသံမှာ အနည်းငယ် ထက်ရှလာသည်။ သူမသည် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ပြီး

"နာမည်မရှိတဲ့ ဂျူနီယာတစ်ယောက်က ဒီလိုမျိုး ထူးခြားတဲ့သီချင်းတဲ့ပုဒ်ကို ရေးနိုင်တယ်။ ရှင်တို့ကရော...ဒီနှစ်ထဲမှာ ရှင်တို့ရေးတဲ့ ဘယ်တစ်ခုကများ ကောင်းသလဲ။ မနှစ်တုန်းက သီချင်းကောင်း အပုဒ် ၂၀ ရေးခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တော့ ၁၀ ပုဒ်တောင် မပြည့်ချင်ဘူး။ အလုပ်တွေမအားလို့လား....ဒါမှမဟုတ် ရှင်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ခန်းခြောက်သွားလို့လား"

မိန်ချီ၏စကားလုံးများက တေးရေးဆရာများအား အကူအညီမဲ့သွားစေခဲ့၏။

စီနီယာတေးရေးဆရာအချို့က ဒေါသတကြီး ပြန်ပြောကြသည်။

"ခင်ဗျားမှားတယ်။ အရည်အသွေးမြင့် သီချင်းတွေကိုသာ အများကြီးထုတ်နိုင်နေရင် ဘာလို့ ငါတို့ကို မင်းလိုနေသေးလဲ"

"ဟုတ်တယ်။ ငါတို့ ကုမ္ပဏီမှာ ဘယ်တုန်းကမှ အားအားယားယားမနေဘူး"

"ဒါရိုက်တာမိန်။ သီချင်းကောင်းတွေဖန်တီးရတဲ့ အခက်အခဲကို ခင်ဗျားသိလား။ ကျုပ်တို့ အစွမ်းကုန်ကြိုးစားပေးတာပဲ။ ဒါပေမဲ့ ဒီလိုသီချင်းမျိုးက ထူးခြားတာကို"

သူတို့ ပြန်ပြောကြသည့်အခါ မိန်ချီ၏မျက်နှာမှာ အနည်းငယ် ပျော့ပြောင်းသွား၏။ သူတို့၏နောက်ခံကြောင့် သူမ ဘာမှ မလုပ်နိုင်ချေ။ ထိုစကားများက အခြားသူများအား သတိပေးရန်သာဖြစ်သည်။ ထို့ကြောင့် မိန်ချီက သက်ပြင်းချလိုက်ပြီး

"ကျွန်မသိပါတယ်။ ကျွန်မက ဂျူနီယာလူတစ်ယောက်က ဒီလိုသီချင်းကောင်းတစ်ပုဒ်ရေးနိုင်တာကို တွေ့လိုက်ရတော့ နည်းနည်းစိတ်လှုပ်ရှားသွားတာပါ"

ဤမှတ်ချက်စကားက အခြားတေးရေးဆရာများအား တက်ကြွသွားစေ၏။

"အစ်မမိန်...ဟန်ယန်က ကံကောင်းလို့ ထီပေါက်သွားသလိုပါပဲ။ သူ့အတွက် တိုက်ဆိုင်ပြီး တစ်ခါတစ်လေ သီချင်းကောင်းလေးတစ်ပုဒ်လောက် ရေးနိုင်တာက အကျိုးအကြောင်းသင့်ပါတယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now