အပိုင်း(၁၂၁)

293 27 0
                                    

အပိုင်း(၁၂၁) မင်းနာမည်ပြောခဲ့

"အင်း...တစ်ချက်လောက် သွားကြည့်လိုက်ရအောင်"

ထန်ကျန့်က အပြုံးလေးဖြင့် ပြောသည်။

၎င်းကို ကြားသည့်အခါ ကင်းမြီးကောက်က အမြန်ဆင်းလိုက်ပြီး နောက်တံခါးသို့ အမြန်သွားကာ ထန်ကျန့်အတွက် တံခါးဖွင့်ပေးလိုက်သည်။

ထန်ကျန့် ကားပေါ်မှဆင်းပြီးနောက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားလေးယောက်မှာ ရှေ့တစ်စီးနောက်တစ်စီးပါလာသည့် Bentley ကားနှစ်စီးပေါ်မှာ အသီးသီးဆင်းလာကြသည်။ သူတို့သည် တည်ကြည်လေးနက်ကာ အချိုးကျတည်ဆောက်ထားကြ၏။ သို့သော် ၎င်းတို့၏ စွမ်းရည်မှာ အလွန်သန်မာကြသည်။ သူတို့အားလုံးသည် ကင်းမြီးကောက် သို့ ထန်ကျန့်တို့ကဲ့သို့သော မာစတာများထက် အနည်းငယ်သာ အားနည်းသည်ဟု ဆိုနိုင်သည်။

ပို၍အရေးကြီးသည်မှာ ထိုလူများမှာ အဖွဲ့တစ်ဖွဲ့ဖြစ်ကြသည်ပင်။ သူတို့သည် ထန်ကျန့်၏ အထူးသက်တော်စောင့်များဖြစ်ကြ၏။ သူတို့၏ကျွမ်းကျင်မှုများ လက်ဖြောင့်စွမ်းရည်များမှာ အကောင်းဆုံးထဲမှ အ‌ကောင်းဆုံးများဖြစ်သည်ကို သံသယရှိစရာမလိုပေ။

ထန်ကျန့်သည် ဆင်းလာပြီးနောက် စားသောက်ဆိုင်မျက်နှာစာကို လှမ်းကြည့်လိုက်ရာ မျက်လုံးများကျဉ်းမြောင်းသွားပြီး ပြုံး၍ ပြောလိုက်သည်။

"ရှောင်ဖုန်းရဲ့ အကြိုက်က တကယ်ကောင်းတာပဲ။ စားသောက်ဆိုင်ရဲ့ မျက်နှာစာက ကြည့်ရတာ အတော်ကောင်းတယ်"

အသွင်အပြင်အရဆိုလျှင် ထန်ကျန့်သည် ယဉ်ကျေးသိမ်မွေ့ကာ အမြဲလိုလို ပြုံးနေတတ်သောကြောင့် သူ့အား တောင်ပိုင်းခရိုင်၏ မြေအောက်လောကသူဌေးကြီးအဖြစ် မည်သူကမျှ ထင်မှတ်မည်မဟုတ်ပေ။

သူ၏အသွင်အပြင်နှင့် စကားလုံးများမှာ အတော်လေး လိုက်ဖက်ညီသည်။

နဖူးပြောင်ပြောင်၊ ခန္ဓာကိုယ်တွင် တက်တူးအပြည့်၊ နားပေါက်များဖြင့် ဆေးလိပ်ခဲကာ ရွှေဆွဲကြိုးကြီးများ ဝတ်ဆင်လျက် ပိုက်ဆံအိတ်ခါးပိုက်ထားကြသည့်လူများမှာ အပေါ်ယံအရေခြုံများသာဖြစ်ကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now