အပိုင်း(၁၂၂)

317 31 0
                                    

အပိုင်း(၁၂၂) ကင်းမြီးကောက်ဘယ်မှာ ငါ့ကိုပြော

"ဘာဖြစ်လို့လဲ။ ရှင် အရေးကြီးလို့လား"

ဇီယန်က အနည်းငယ် ချီတုံ့ချတုံဖြစ်နေပြီး
"ခဏနေရင် ကျွန်မ အယ်လ်ဘမ်ထွက်ဖို့ကိစ္စ သတင်းစာရှင်းလင်းပွဲရှိတယ်။ အဲ့ဒါက ၁၂ နာရီလောက်မှ ပြီးမှာ။ နေ့လည်ကျရင်လည်း လုပ်စရာတွေ တစ်ပုံကြီးရှိသေးတယ်။ နေ့လည်စာ စားဖို့တောင် အချိန်နည်းနည်းပဲ ရတယ်"

၎င်းကိုကြားသည့်အခါ ကျန်းဟန် ခဏရပ်တန့်သွားပြီး
"ဒါဆို ညနေကျရင် စောစောပြန်လာခဲ့ပါ"

"ကောင်းပြီ။ ဒါဆို ကျွန်မ အလုပ်သွားလုပ်တော့မယ်။ ညနေမှ တွေ့မယ်"
ဇီယန်က ဘာမှ မေးမြန်းမနေဘဲ အလျင်စလိုဖြင့် ဖုန်းချလိုက်၏။

ဖုန်းချပြီးနောက် ဇီယန်သည် အမူအရာကို ထိန်းညှိလိုက်၏။ သတင်းစာရှင်းလင်းပွဲနေရာသို့ သွားရတော့မည်ဖြစ်၍ သူမ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သူမ သတင်းစာရှင်းလင်းပွဲနှင့် မထိတွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပေပြီ။

အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဇီယန်သည် ကျိုးဖေးနှင့်အတူ ပွဲနေရာသို့ လျှောက်ဝင်လာခဲ့သည်။

ပုံမှန်အခြေအနေဆိုလျှင် ကုမ္ပဏီသည် ခန်းမကြီးတစ်ခုအတွင်း၍ သတင်းစာရှင်းလင်းပွဲကဲ့သို့သော ပွဲမျိုးကို ကျင်းပရန် အနုပညာရှင်တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ သို့သော် ယနေ့တွင်တော့ အကြောင်းအမျိုးမျိုးကြောင့် သူမနှင့် ရှုလောယွီတို့မှာ ခန်းမတစ်ခုအတွင်း၌ တစ်ချိန်တည်း ကျင်းပနေကြသည်။ ထို့ကြောင့် ကျိုးဖေးက "ဒါ တမင်လျှို့ဝှက်ကြံစည်တာပဲ" ဟု အကြိမ်ကြိမ်ပြောနေခဲ့၏။

သူတို့အတွက် စီစဉ်ရန် အချိန်မလုံလောက်တော့ကြောင်း ခေါင်းဆောင်က ရှင်းပြသော်လည်း ဝန်ထမ်းဟောင်းတစ်ယောက်အနေနှင့် ကျိုးဖေးမှာ မယုံကြည်ပေ။ မိန်ချီက ဇီယန်ကို အပြစ်ရှာချင်၍ဖြစ်ပြီး ဇီယန် နှုတ်မဆက်ဘဲ ထွက်သွားခဲ့သည့်အတွက် လက်စားချင်ချေ၍ တမင်လုပ်သည်ဟု သူမ ယူဆသည်။ သို့သော် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည်မဟုတ်ပါလား။ ဇီယန်၏ ငြင်းပယ်မှုက သူမနှင့် မည်သို့များ သက်ဆိုင်နေလို့လဲ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now