အပိုင်း(၁၂၃)

306 26 0
                                    

အပိုင်း(၁၂၃) လီအန်းနာနှင့် မမျှော်လင့်ဘဲ တွေ့ဆုံမှု

"ကင်းမြီးကောက်ရဲ့တည်နေရာလား"

ကျောက်ဖုန်း၏မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ ခဏလောက်စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။

"ခဏလောက်စောင့်ပေး"

ပြောပြီးသည်နှင့် ကျောက်ဖုန်း ဖုန်းချလိုက်၏။ သူ၏မျက်ခုံးများမှာ မျက်မှောင်ကြုတ်နေသည်။

"သူဌေးက ကင်းမြီးကောက်ကို ရှာနေတာလား။ ဘာဖြစ်လို့လဲ။ သူတို့ကြားမှာ တစ်ခုခု ဖြစ်ခဲ့တာလား... ဖြစ်နိုင်တာက...ထန်ကျန့်နဲ့ ကင်းမြီးကောက် စားသောက်ဆိုင်ကို သွားခဲ့တုန်းက သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာလား"

ကျောက်ဖုန်း၏နှလုံးခုန်သံမှာ မြန်ဆန်လာ၏။

"အစ်ကိုဖုန်း ကင်းမြီးကောက်ရဲ့ တည်နေရာကို ဘယ်သူကတောင်းတာလဲ"

ဆံပင်အဝါရောင်နှင့် လူငယ်က စိတ်ဝင်စားစွာမေးသည်။

"ဒီခေတ်မှာ ကင်းမြီးကောက်နဲ့ အလုပ်လုပ်ချင်တဲ့သူတွေ ရှိသေးတာလား။ သူ့ရဲ့ ကောက်ကျစ်တဲ့စိတ်ဓာတ်နဲ့ဆိုရင် ဘယ်သူမဆို ဆိုးဆိုးရွားရွားခံလိုက်ရမှာပဲ"

"အဲ့လိုမဟုတ်ဘူး"

ကျောက်ဖုန်းက ခေါင်းခါလိုက်ပြီး

"ကျားလေး...ကင်းမြီးကောက် ဘယ်မှာလဲဆိုတာ အခုချက်ချင်း စုံစမ်းလိုက်"

"ဟုတ်ကဲ့"

ကျားလေးက နောက်ထပ် မေးခွန်းမေးမနေဘဲ ကျောက်ဖုန်း၏ရှေ့မှာပင် ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်ဆိုမှု အနည်းငယ်အကြာတွင် ကျားလေးက ကျောက်ဖုန်းအား ကြည့်ကာ

"ရပြီ အစ်ကိုဖုန်း။ ကင်းမြီးကောက်က တောင်ပိုင်းခရိုင်၊ အန်ဟဲလမ်းပေါ်က ချန်ရှန် နိုက်ကလပ်မှာရှိတယ်။ သတ္တမထပ်က အခန်းနံပါတ် တစ်မှာ"

"အင်း"

ကျောက်ဖုန်း ခေါင်းညိတ်လိုက်သည်။ ထိုနောက် ဖုန်းကို ထုတ်ကာ ကျန်းဟန်အား ချက်ချင်းခေါ်လိုက်ပြီး

"သူဌေး...ငါသိပြီ။ သူအခု ချန်ရှန်နိုက်ကလပ်၊ သတ္တမထပ်က အခန်းနံပါတ်တစ်မှာ၊ ကလပ်က တောင်ပိုင်းခရိုင် အန်ဟဲလမ်းပေါ်မှာရှိတယ်။ ဒါနဲ့ မင်းဘာလို့ သူ့ကို ရှာတာ..."

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now